အပိုင်း (၁၈)

12.6K 102 2
                                        

☕ မင်းက ကိုယ့်အပိုင် ☕ အပိုင်း (၁၈)
🚨🚨🚨

"ကိုရှိုင်း ဘာတွေလုပ်နေတာလဲ ..."
မနက်အစောကြီးထပြီး ပန်းစည်းတွေရော ချောကလပ်တွေပါ ပြင်နေတဲ့ သူမအကိုကြောင့် သူမထူးဆန်းစွာမေးလိုက်သည် ...
လက်ဆောင်ပါဆယ်ဗူးလေးက ပါသေး ...

"ဟင် ဘာမှမလုပ်ပါဘူး နင်ပြီးပြီလား ..."

"အင်း ပြီးပြီလေ "

"ပြီးရင် သွားမယ် ..."

"အင်း အဲ့တာတွေက ဘာတွေလဲလို့ ..."
သူမမေးတာကို ပြန်မဖြေသေးတာကြောင့် ထပ်မေးလိုက်သည် ...

"ကျစ် နင်ကလဲ လျှာရှည်လိုက်တာ ဒီနေ့ မိုးစက်နဲ့ငါ့ရဲ့ ချစ်သူသက်တမ်း ၁ပတ်ပြည့်လေ အဲ့တာကြောင့်  လက်ဆောင်ပေးဖို့ "
သူဒါအတွက် ညကတည်းက ရင်ခုန်စိတ်လှုပ်ရှားနေရတာဖြစ်သည် ...

"ဟမ် "
သူ့အကိုရဲ့ ၁ပတ်ပြည့်ပွဲကြောင့် သူမပင် အံ့ဩသွားရသည် ...
ဘယ်သူကများ ၁ပတ်ပြည့်ဆိုပြီး လုပ်ကြလို့လဲ တကယ်ကို ပိုလွန်းတဲ့ သူမအကိုပါလေ ...

"ကျွတ် ကျွတ် ကျွတ် "
ခေါင်းလေးရမ်းကာ သူ့အကိုကို ကြည့်နေလိုက်သည် ...

"ဘာဖြစ်တာလဲ အဲ့တာက"

"ကိုရှိုင်းရဲ့ ရောဂါကလေ ကျွမ်းရုံတင်မဟုတ်ဘူးသိလား ပြာပါကျနေပြီ ..."
သူ့အကိုကို နှာခေါင်းလေးရှုံ့ကာ ပြောလိုက်သည် ...

"ဘာဖြစ်လဲ နင်ကရော ရည်းစားမရှိလို့လား ..."

"ဖြူက ရည်းစားတော့ရှိတယ်လေ ဒါပေမယ့် ကိုရှိုင်းလိုတော့ အိုဗာမဟုတ်ဘူး ..."
သူမအကို ကြုံတုန်းလေး ဖဲ့လိုက်သည် ...

"အဲ့တာ နင့်ရည်းစားက နင့်ကို မချစ်လို့လေ ..."

"ဟာ ကိုရှိုင်းနော် ဘာလို့မချစ်ရမှာလဲ ချစ်လို့ ဒီလောက်အကြာကြီးတွဲကြတာပေါ့ ဟွန့် "
နှုတ်ခမ်းလေးဆူကာ မျက်နှာလေး ဆူပုတ်ကာ ပြောလိုက်သည် ...

"အဟက် "
............
"အငယ်မ "

"ဘာလဲ "
ခုနကတည်းက အခဲမကျေသေးတာမို့ ဘောက်ဆတ်ဆတ်ပြန်ဖြေလိုက်သည် ...

"မိုးစက်လာရင် ‌ကျောင်းနောက်ဘက်ကို ရအောင်လိုက်ပို့ပေးပါနော် ..."

☕ မင်းက ကိုယ့်အပိုင် ☕Where stories live. Discover now