☕ မင်းက ကိုယ့်အပိုင် ☕ အပိုင်း (၁၄)
🚨🚨🚨
သူမကတော့ လဲစရာအကျီလဲ မပါတာကြောင့် မာမီတို့အိမ်မှသာ ရေချိုးဖို့လုပ်ပြီး မျက်နှာ သစ်ပြီးသာ ထွက်ခဲ့လိုက်သည် ...
"ငယ်ေလးရော ရေမချိုးဘူးလား .."
"အင်း ..."
"အဟက် ...ညစ်ပတ်မလေး "
သူမနှာခေါင်းလေးကို ဆွဲလိမ်ကာ ပြောလိုက်တော့ ...
"အား ...နာတယ် ဘာလုပ်တာလဲ ... အကျီမှ မပါတာ ဘယ်လိုလုပ်ချိုးလို့ရမလဲ ..."
သူ့လက်ကလေးကို ပုတ်ချကာ ဘောက်ဆတ်ဆတ်ပြန်ေဖြလိုက်သည် ...
"ကိုယ့်အကျီဝတ်မလား ..."
"မဝတ်ချင်ပါဘူး ...သွားမယ်ဆို မြန်မြန်သွားမယ် ..."
"အင်း သွားမယ်လေ ကိုယ်ကအားလုံးပြီးပြီ ..."
"အင်း ... ခေါင်းဖြီးလိုက်အုံးမယ် "
သူမလဲ ခေါင်းလေး ဖြီးကာ ထွက်လာခဲ့လိုက်သည် ...
သူကကားအဆင်သင့်လုပ်ပီ့းစောင့်နေတာမို့ သူမကားပေါ်တက်တာနဲ့ မောင်းထွက်ခဲ့လိုက်သည် ...
သိပ်မဝေးတာကြောင့် ခနနဲ့ ရောက်ခဲ့သည် ...
"မာမီ"
"ဟယ် သားနဲ့ သမီး အစောကြီးပါလားကွယ် လာမနက်စာစားကြမယ် .. "
မိုးစက်ရဲ့မေမေက သူမတို့စားနေတဲ့ မနက်စာစားပွဲဝိုင်းထဲ မိုးစက်နှင့် 9အတွက်ပါ တစ်ခါတည်းပြင်ပေးလိုက်သည် ...
"သမီးတို့ အဲ့အိမ်မှာနေရတာ အဆင်ပြေကြလား ..."
ခုမှ အိမ်အသစ်ပြောင်းတာမို့ သူမမေးလိုက်သည် ...
"ဟုတ် ပြေပါတယ် ...မပြေတာက မာမီကို လွမ်းနေတာပဲ ..."
သူမမေမေ ပုခုံးထက် ခေါင်းလေးလှဲချကာ ကပ်ချွဲလေးပြောလိုက်သည် ...
"အမလေး ... တော်ပါရှင် "
"တကယ်ပြောတာ မာမီက ငယ့်ကို မယုံလို့လား ..."
"မဟုတ်ပါဘူးရှင် ယုံပါတယ် "
"ဟီး ..."
............
မိုးစက်လဲ မနက်စာစားပြီး ရေချိုးလိုက်သည် ...
ဟိုအိမ်ကို သယ်ဖို့ ပစ္စည်းတွေလဲ သိမ်းရပေအုံးမည် ...
9ကတော့ အပါ် ရောက်ရောက်ချင်း ဘာမှ လုပ်စရာမရှိတာမို့ ပစ္စည်းတွေသာ သိမ်းဆည်းလိုက်သည် ...
ပစ္စည်းတွေ လိုက်သိမ်းဆည်းနေရင်း အယ်လ်ဘမ်လေးကို ထုတ်ကြည့်လိုက်သည် ...
မိုးစက်နဲ့ သူ့ရဲ့ ငယ်ငယ်က ပုံလေးတွေပေါ့ ...
ငယ်ရုပ်မပြောင်းတဲ့ သူမလေးက ခုထိချစ်စရာကောင်းနေတုန်းပင် ...
ဓာတ်ပုံလေးတွေ တစ်ပုံချင်းလှန်ကြည့်ရင်း ငယ်ဘဝအမှတ်တရတွေကို မြင်ယောင်လာစေသည် ...
သူ့မိဘတွေ သေတော့ သူ့ကိုပြုံးပြပြီး အရင်ဆုံးလက်ကမ်းပေးခဲ့တဲ့ ပိစိလေး ...
အဲ့သေးသေးလေးက အဲ့ကတည်းက သူ့ရင်ထဲမှာ ရှိနေခဲ့တာနဲ့ တူပါရဲ့ ...
အခုတော့ အဲ့ကောင်မလေးကို သူတကယ်ပိုင်ဆိုင်ခွင့် ရခဲ့ပြီ ...
..........
ESTÁS LEYENDO
☕ မင်းက ကိုယ့်အပိုင် ☕
Romance☕ မင်းက ကိုယ့်အပိုင် ☕ 🚨🔞 9(နိုင်း) 🖤🖤 ငယ်လေး...ငယ်လေးက ကိုယ့်ကိုအကိုတစ်ယောက်လိုပဲမြင်ပေမယ့် ... ကိုယ်ကတော့ အဲ့လိုမဖြစ်ချင်ဘူး ကိုယ်ငယ်လေးကိုချစ်တယ်...ငယ်လေး တခြားတစ်ယောက်ကိုချစ်နေတာကို ကိုယ်လုံးဝလက်မခံနိုင်ဘူး...ငယ်လေးက ကိုယ့်အပိုင်ပဲ ... မိုးစ...
