☕ မင်းက ကိုယ့်အပိုင် ☕ အပိုင်း (၁၅)
🚨🚨🚨
"ငယ်လေး ပြီးရင်သွားမယ်လေ ..."
"အင်း လာပြီ လာပြီ..."
ငယ်လေးကို ကျောင်းလိုက်ပို့ပြီး သူကတော့ အပြင်ဖြေပြီး ဘွဲ့ယူဖို့ ဆုံးဖြတ်ထားလိုက်သည် ...
"ငယ်လေး နေ့လည်စာစားချိန်ကျ ကိုယ်လာခေါ်မယ်နော် ..."
"ဟင် ဘာလို့လဲ ခါတိုင်းလိုပဲ ကန်တင်းမှာပဲ စားလိုက်တော့မယ်လေ"
"မရပါဘူး ကိုယ်လာခေါ်မယ် တကယ်လို့ ကန်တင်းမှာပဲ စားချင်ရင်လဲ ကိုယ်နဲ့ပဲ အတူတူစားရမယ် ..."
"ဟွန်း ... ပြီးရော ပြီးရော ..."
"အွန်း ရောက်ပြီ "
"အင်း "
သူမပြောပြီး ကားပေါ်က ဆင်းမည်အလုပ် ...
"နေဦးလေ ငယ်လေး ကျန်သေးတယ် ..."
"ဟင် ... ဘာလဲ "
သူမလေးက ဘာလဲဆိုပြီး သူ့ဘက်ပြန်အလှည့် ...
"ပြွတ်စ် "
သူမနှုတ်ခမ်းလေးကို ဆွဲယူနမ်းရှိုက်လိုက်သည် ...
"အား ဘာလုပ်တာလဲ ရှက်စရာကြီး ..."
ကားက မှန်လုံပေမယ့် ကျောင်းရှေ့မှာ ဖြစ်တာကြောင့် သူမနားရွက်လေးတွေ နီမြန်းကာ ရှက်သွားရသည် ...
"အဟက် နှုတ်ခမ်းနီဖျက်ပေးတာ ..."
သူ့နှုတ်ခမ်းလေးကို လျှာနဲ့သတ်ကာ ပြောလိုက်သည် ...
"ဘယ်မှာ နှုတ်ခမ်းနီ ရှိလို့လဲ ..."
စူပုတ်ပုတ်မျက်နှာလေးနှင့် ကားပေါ်က ဆင်းသွားလိုက်သည် ...
သူလဲ သူမကျောင်းထဲ ဝင်တာကို ကြည့်ပြီးကာ ကုမ္ပဏီ ပြန်လာခဲ့လိုက်သည် ...
...........
"ဟယ် မိုးစက် ..."
ဖြူက မိုးစက်ကို မြင်တာနဲ့ ပြေးဖက်လိုက်သည် ...
"အိုက်ဂူး ငါတို့မိုးစက်လေးမလာတော့ ဖြူက လွမ်းနေတာ သိလား ..."
"ဟုတ်လို့လား မိုးစက်မလာတော့ မိုးသောက်နဲ့ ရိုနေရလို့ ပိုပျော်နေတာမလား "
သူတို့ကိုကြည့်နေသည့် ဖြူ့ကောင်လေး မိုးသောက်ယံကို မျက်စပစ်ကာ ပြောလိုက်သည် ...
"ဟယ် မဟုတ်ပါဘူးနော် ... တကယ်လွမ်းနေတာပါ ... နောက်ပြီးလေ ကိုရှိုင်းကလဲ ငါတို့ယောင်းမလေးကို တအားလွမ်းနေတာ သိလား ..."
YOU ARE READING
☕ မင်းက ကိုယ့်အပိုင် ☕
Romance☕ မင်းက ကိုယ့်အပိုင် ☕ 🚨🔞 9(နိုင်း) 🖤🖤 ငယ်လေး...ငယ်လေးက ကိုယ့်ကိုအကိုတစ်ယောက်လိုပဲမြင်ပေမယ့် ... ကိုယ်ကတော့ အဲ့လိုမဖြစ်ချင်ဘူး ကိုယ်ငယ်လေးကိုချစ်တယ်...ငယ်လေး တခြားတစ်ယောက်ကိုချစ်နေတာကို ကိုယ်လုံးဝလက်မခံနိုင်ဘူး...ငယ်လေးက ကိုယ့်အပိုင်ပဲ ... မိုးစ...
