အပိုင်း (၂)

17.3K 148 2
                                        

☕ မင်းက ကိုယ့်အပိုင် ☕ အပိုင်း (၂)
🚨(Warning ပါ )

ရေခဲမုန့်လေးနှစ်ခုကိုင်ပြီး ဆိုင်မှအထွက် ရှိုင်းနဲ့ ဝင်တိုက်မိသွား‌ေတာ့တယ် ...
"အား .."
"ဟာ ညီမ ဆော ဆောရီး..."
ဆိုင်ထဲမှာ ထိုင်နေတဲ့ 9(နိုင်း) မျက်လုံးပြူးသွားကာ အပြာအယာပြေးထွက်လာခဲ့လိုက်တယ် ...

"ဟာ ငယ်လေး ရရဲ့လား ဘာဖြစ်သွားသေးလဲ ..."
"ဘာမှမဖြစ်ပါဘူး အိုပါးရဲ့ ...ဟီး"
ဒီကလေးမက ရယ်တောင်ရယ်နေလိုက်သေး ...
"ညီမရယ် ဆောရီးပါနော် အကိုတကယ်တကယ်တောင်းပန်ပါတယ်နော် ..."
"အာ မဟုတ်တာ ညီမလဲ မမြင်လို့ဖြစ်ရတာကို ညီမကလဲ တောင်းပန်တယ်နော် ..."
ကဲကဲသဲသဲဖြစ်နေကြတဲ့ နှစ်ယောက်သားကိုကြည့်ပြီး အမြင်ကပ်လာတဲ့ 9 ကတော့ ...
"ကဲ တော်ပြီ သွားကြမယ်လာ ငယ်လေး"
"ဟုတ်"
မိုးစက်လဲ 9ဆွဲခေါ်ရာ ပါလာခဲ့တော့သည် ...
ရှိုင်းကတော့ သူ့ရှေ့က အရုပ်မလေးကို သူကိုယ်တိုင်ပင်မသိလောက်အောင် လိုက်ကြည့်နေမိနေသည် ...
ပြီးမှသူလဲ ဆိုင်ထဲပြန်ဝင်လာကာ သူညီမကို ရေခဲမုန့်ဝယ်ပေးပြီး သွားပေးလိုက်သည် ...

"အာ ကိုရှိုင်း ရေခဲမုန့်လေးသွားဝယ်တာ အဲ့လောက်ကြာရလား ..."
"ဟင် ...အင်း နည်းနည်း"
ခနကကောင်မလေးကိုပဲ စိတ်ထဲစွဲနေပြီး အယောင်ယောင်အမှားမှား
"ဟာ ကိုရှိုင်း ဘာဖြစ်နေတာလဲ "
မေဖြူပြောတာကိုတော့ ရှိုင်းတစ်ယောက်မကြားတော့ပေ ...

"အိုပါး ပြီးရင် အခန်းထဲပြန်ကြမယ်လေ ..."
"ဟင် အင်း ခုနက ဘာမှမဖြစ်တာသေချာလား "
"အာ တကယ်ဘာမှမဖြစ်ပါဘူးဆို ..."
"အင်း ပြီးရော "
"ဒါနဲ့လေ ခုနက အဲ့အကိုကြီး တအားချောတယ်နော် ... ငယ် ကြိုက်တဲ့ ကိုရီးယားမင်းသားတွေအတိုင်း အဟီ..."
မိုးစက်ကပြောသာပြောနေသာ နားထောင်နေတဲ့ သူရဲ့ ဖြစ်ပျက်သွားတဲ့ မျက်နှာ ကိုတော့ သတိမထားမိ...
"ဘာ .. ဘယ်နားကချောတာလဲ ငယ်လေးနော် ကျောင်းတက်ဖို့လာတာ ဘာတွေတွေးနေတာလဲ အန်တီတို့နဲ့ ပြန်တိုင်လိုက်ရမလား "
မျက်မှောင်ကြုတ်ကာ ပြောလိုက်တော့ ...

"ဟာ အိုပါးကလဲ ဟွန့် ဒါလေးပြောတာကို ..."
နှုတ်ခမ်းလေးဆူက မကျေမနပ်ရေရွတ်လိုက်သည် ...
"လာ အခန်းလိုက်ပို့မယ် ..."
"တော်ပြီ ငယ့်ဟာငယ်သွားမယ် ..."
"မရပါဘူး လိုက်ပို့မယ် ..."
"တော်ပါပြီဆို ..."
9က ဘာမှမပြောဘဲ မိုးစက်အခန်းဆီ ဦးတည်လိုက်သည် ...
"သွားမယ်"
"ဟွန့် "
...........
မိုးစက်အခန်းထဲရောက်ပြီး ခနနေ အတန်းတက်ခါနီးတော့ မေဖြူတို့ အတွဲကလဲ ရောက်လာကြသည် ....
"ဟော မိုးစက်က ရောက်တောင်ရောက်နေပြီ ..."
"အွန်း ဟုတ်တယ် "
ဖြူက မိုးစက်နားဝင်ထိုင်ကာ မိုးသောက်ယံကလဲ သူ့အတန်းဘက်သွားထိုင်လိုက်ပြီး ဖြူ့ကို လက်နဲ့ အသဲပုံလေး လုပ်ပြ‌လိုက်သေးသည် ...
ဖြူက ရယ်ပြီး မိုးစက်ဘက်လှည့်လိုက်သည် ...
"ဒါနဲ့လေ ဖြူ သိလား "
"အွန်း"
"မိုးစက်လေ ‌ခုနက ကန်တင်းမှာ မုန့်စားပြီး ရေခဲမုန့်ထွက်ဝယ်တော့လေ ဘာတွေ့ခဲ့တယ်မှတ်လဲ "
မျက်နှာလေးဖြီးကာ ပြောတော့ ...
ဖြူကလဲ စိတ်ဝင်တစားနဲ့ ...
"ဘာတွေ့ခဲ့တာလဲ ဟင် "
"ဟီ ဟီး အဆင်လေး "
"အဆင်လေး "
"အင်း အဆင် ရိုးရိုးအဆင်လေးမဟုတ်ဘူး ကိုရီးယားအဆင်လေး လုံးဝ ကိုရီးယားမင်းသားအတိုင်းပဲ ချောလိုက်တာဟယ် BTS အဖွဲ့က Jeon Jung Kook နဲ့ တောင်တူတယ် ..."
"ဟုတ်လား ...ငါ့ကိုတော့မပြဘူး ..."
"နင်မှ မရှိတာဟ "
"အဲ့ဒါဆိုလဲ ဓာတ်ပုံလေး ဘာလေးရိုက်ခဲ့တာမဟုတ်ဘူး "
"ဟဲ့ ရမလားဟဲ့ ငါရှေ့တည့်တည့်ကြီး ငါ‌တောင် သူနဲ့ ဝင်တိုက်မိသွားသေး ..."
"အမယ် မိန်းမ ဇာတ်လမ်းတွေ ဘာတွေတောင်ဖြစ်ခဲ့သေးတာပေါ့ ငါ့
တို့ရဲ့ မိုးစက်လေးတော့ ကောင်လေး ရတော့မယ်နဲ့ တူပါရဲ့ ..."
" အာ အဲ့လိုမဟုတ်ပါဘူးဟ ဒီတိုင ဒီတိုင်း "
"ဟား ဟား ရှက်နေတာ ‌ရှက်နေတာ "
"ဖြူနော် ဟွန့် မစနဲ့ "
"ဟီဟီး ဟုတ်ပါပြီ "
.......………………
"မိုးစက် အိမ်ကလာကြိုမှာလား ..."
"ဟုတ်တယ် ဖြူ "
"အဲ့တာဆို ကျောင်းရှေ့ထိ တူတူသွားရအောင်လေ ..."
"အွန်း သွားမယ်လေ ..."
မိုးစက်နှင့် ဖြူတို့နဲ့အတူ ဖြူ့ကောင်လေး မိုးသောက်ယံပါ လိုက်ခဲ့လိုက်သည် ....
ကျောင်း ဆိုင်ကယ်တွေ ကားတွေ ထားတဲ့နေရာနား ရောက်တော့ .  ...

☕ မင်းက ကိုယ့်အပိုင် ☕Onde histórias criam vida. Descubra agora