အပိုင်း (၂၁)

25.5K 125 0
                                    

Uni
☕ မင်းက ကိုယ့်အပိုင် ☕ အပိုင်း (၂၁)
🚨🚨🚨

မနက်ခင်း အလင်းရောင်နဲ့အတူ 9တစ်ယောက် တက်ကြွစွာ နိုးထလာခဲ့တယ် ...
သူမကတော့ ညကပင်ပန်းထားတာကြောင့် ခုထိမနိုးသေး ချစ်ဖို့ကောင်းစွာ အိပ်စက်လို့နေသည် ...

သူမနှာဖူးပြင်လေးပေါ်မှာ ကျနေတဲ့ ဆံနွယ်စလေးတွေကို ဖွဖွလေး သပ်တင်ပေးလိုက်ကာ အပြစ်ကင်းစွာ လှပနေတဲ့ သူမမျက်နှာလေးကို အမြတ်တနိုးငေးကြည့်နေမိသည် ...
ထို့နောက် သူဖွဖွလေး ရွတ်ဆိုလိုက်မိသည် ...

"မင်းက ကိုယ်အပိုင်ပဲ ငယ်လေး "
..........
အမြဲတမ်း တွေ့ဖို့ စတင်ချိန်းဆိုသူက ကိုရှိုင်းဖြစ်ပေမယ့် ... ဒီနေ့တော့ မိုးစက်ကသာ စတင်ချိန်းဆိုလိုက်သည် ...

"မိုးစက် ကိုယ့်ကိုပြောစရာရှိတယ်ဆို ..."

"ဟင် ... အင်း "

"..."

"မိုးစက်တို့ မိုးစက်တို့ လမ်းခွဲကြရအောင် ..."
တုန်ယင်နေတဲ့ အသံလေးနှင်‌့ပြောလိုက်သည် ...

"ဘယ်လို ..."
ရှိုင်း တစ်ကိုယ်လုံးကို မိုးကြိုးပစ်ချလိုက်သလို တုန်လှုပ်သွားရသည် ...
သူ့ခြေတွေပင် ပျော့ခွေသွားရကာ နောက်သို့ယိုင်ကျသွားရသည် ...

"မိုးစက် မိုးစက် ကိုယ့်ကိုနောက်နေတာလား ဟုတ်တယ်မလား ကိုယ့်ကိုနောက်နေတာမလား ဟင် ..."
နောက်နေတာလို့ပဲပြောပေးပါကွာ ကျေးဇူးပြုပြီး ...

"မိုးစက်နောက်နေတာမဟုတ်ဘူး မိုးစက်တို့တကယ် လမ်း ..."

"ဘာ ဘာလို့လဲ ... ဟင် ဟိုနေ့က ကိစ္စကြောင့်လား ဟုတ်လား ...ကိုယ် ကိုယ်တောင်းပန်ပါတယ်ကွာနော် ... နောက်မလုပ်တော့ဘူးလို့လဲ ကတိပေးပါတယ်နော် ..."
သူအကြောက်အကန်တောင်းပန် နေမိသည် ...
သူအကြောက်ဆုံးအရာ ခုတကယ်ဖြစ်တော့မှာလား ...

"မဟုတ် မဟုတ်ပါဘူး အဲ့ဒါကြောင့် မဟုတ်ပါဘူး ..."

"ဟင် မဟုတ်ဘူးလား အဲ့ဒါဆို အဲ့ဒါဆို ဘာလို့ဟင် ... ဘာကြောင့်ပဲဖြစ်ဖြစ် ကိုယ်ကအကုန်တောင်းပန်တာမို့ လမ်းတော့ မခွဲပါနဲ့ကွာနော် ... ကိုယ်တောင်းပန်တယ်ကွာနော် ..."
သူမလက်လေးနှစ်ဖက်ကို ဆုပ်ကိုင်ကာ သူမသိလိုက်ပါပဲ ကျရောက်လာတဲ့ မျက်ရည်တွေနဲ့အတူ တောင်းပန်နေမိသည် ...
သူမလေးက သူ့အတွက် ပထမဆုံးနဲ့ နောက်ဆုံးအချစ်ဖြစ်တာကြောင့် သူမကိုဆုံးရှုံးရဖို့ဆိုတာ အတွေးထဲမှာတောင် သူ့ကိုအကြိမ်ကြိမ်သေစေခဲ့သည် ...

☕ မင်းက ကိုယ့်အပိုင် ☕Место, где живут истории. Откройте их для себя