အပိုင်း (၇)

8.5K 118 1
                                    

☕ မင်းက ကိုယ့်အပိုင် ☕ အပိုင်း (၇)
(Warning 🚨⚠️)

"အမယ်လေး ပြောပါအုံး ယောင်းမလေးက ဘာဖြစ်တာလဲ..."

"ရား အဲ့လိုမခေါ်ပါနဲ့ဆို "
ဖြူ့အကို ရှိုင်းရော ပါတာမို့ မျက်နှာလေးရဲကာ ရှက်သွားရသည် ...

ရှိုင်းကတော့ မျက်နှာကြီးဖြီးကာ ရှက်နေတဲ့ မျက်နှာလေးကို  ပြုံးကြည့်နေလိုက်သည် ...
....................

"အန်တီ ငယ်လေးရော "
9က ကျောင်းသွားခါနီး သူမလေးကို မမြင်၍မေးလိုက်သည် ...

"ဟင် သမီးလေးက သူ့သူငယ်ချင်းလာခေါ်လို့ လိုက်သွားပြီလေ သားရဲ့ သားကိုပြောမသွားဘူးလား "

"အော် ဟုတ် အဲ့ဒါဆို ကျွန်တော်သွားတော့မယ် "

"အေးအေး သားလေး "

သူမလေးသူ့ကို မုန်းများမုန်းနေပြီလား ... သူတစ်ယောက်တည် လာခဲ့လိုက်သည် ...

"ဟာ ယောက်ဖ တစ်ယောက်တည်းလားကွ မိုးစက်လေးရော မပါဘူးလား"
9သူငယ်ချင်း ဒီယံက စနောက်ကာ မေးလိုက်လေသည် ...

"ဘာယောက်ဖလဲ မင်းကို အဲ့လိုမခေါ်နဲ့လို့ ပြောထားတယ်နော် နောက်တစ်ခါဆို ငါမင်းကို ဆွဲထိုးမှာ "

"ဟာ အေးပါကွာ မင်းကလဲ သူငယ်ချင်းအချင်းချင်း ဒါလေးနောက်တာကို ငါ့ကောင်ကြီးကလဲ စိတ်ချည်းပဲ "

"ကျန်တာနောက် ... အဲ့တာတော့ လာမနောက်နဲ့ "

"အေးပါကွာ နောက်တာတောင် အဲ့လောက်ဖြစ်နေတာ မိုးစက် ရည်းစားသာဆို သတ်ပစ်မှာလား "

"ဟုတ်တယ် သတ်ပစ်မှာ "

"အား ကြောက်စရာကြီးကွာ "
9ပုခုံးကို လှမ်းဖက်ကာ အခန်းထဲ ဝင်ခဲ့လိုက်သည် ...

9တစ်ယောက် အခန်းထဲမှာ စာသင်နေရပေမယ့် ဖင်ကတကြွကြွ စိတ်က သူမလေးဆီသာ ရောက်နေပေသည် ...
..................
"ဖြူ "
"ဟင်"
"ကန်တင်း နင်တို့နဲ့ အတူတူ ငါလိုက်ခဲ့မယ် "

"အမယ် ထူးထူးဆန်းဆန်းပါလား ယောင်းမလေးလိုက်ခဲ့ရက်တော့ ကိုရှိုင်းကကြိုက်တာပေါ့... အော်မှားလို့ ဖြူကကြိုက်တာပေါ့ ဟီး"

"နင်နော် ဟိုရောက်ရင်လဲ စမနေနဲ့ စမှာဆို ငါမလိုက်တော့ဘူး "
နှုတ်ခမ်းဆူကာ မိုးစက်က ပြောလာတော့ ...

☕ မင်းက ကိုယ့်အပိုင် ☕Onde histórias criam vida. Descubra agora