အပိုင်း (၁၂)

8.4K 96 0
                                    

☕ မင်းက ကိုယ့်အပိုင် ☕ အပိုင်း (၁၂)
(🚨🚨🚨)

"ဟမ် ... ငယ်က ကိုယ်တို့ အခန်းခွဲ အိပ်မယ်လို့ ပြောချင်တာလား "
လက်ထပ်ပြီးတာတောင် အခန်းခွဲပြီး နေရအုံးမည်တဲ့ ...😑

"အင်းလေ"

"ဟ ... ကိုယ်တို့ကို လက်ထပ်ပြီးသားလေ အခန်းခွဲအိပ်လို့ဘယ်ဖြစ်မလဲကွ ... ပြီးတော့ ဒီညက မဂ်လာဦးညလေ ..."

သူ့ထံမှ မဂ်လာဦးည ဆိုတာကြောင့် သူမမျက်နှာလေးမှာ ရဲတွတ်၍ ရှက်သွေးဖြာလာပါတော့သည် ...

"အား ... မသိဘူး ငယ်ကတော့ အခန်းခွဲအိပ်ဖို့ ဆုံးဖြတ်ပြီးသား ပြီးတော့ ငယ်တို့က မဂ်လာဆောင်ရသေးတာလဲ မဟုတ်ဘူးလေ ..."
နှုတ်ခမ်းလေးဆူကာ ထေ့ငေါ့စွာ ပြောလိုက်တော့ ...

"အဟက် အဲ့တာက ငယ်မဆောင်ချင်သေးလို့ ကိုယ်ကစောင့်ရတာလေ ..."
ဟုတ်သည်လေ သူ့ဆန္ဒအတိုင်းသာဆို မဂ်လာဆောင်ပြီးတာကြာပေါ့ သူအနှစ်နှစ်အခါခါချစ်ခဲ့ရတဲ့ သူမကိုပိုင်ဆိုင်ရပြီဆိုပြီး ခမ်းခမ်းနားနားကိုဂုဏ်ပြုမဂ်လာပွဲတွေ ကျင်းပပစ်လိုက်ဦးမှာ ...

"ဒါပေမယ့် ..."

"ဘာဒါပေမယ့်လဲ ... အခန်းခွဲအိပ်ဖို့တော့ ကိုယ်ခွင့်မပြုနိုင်ဘူး ... ငယ်လက်မခံရင်တော့ ကိုယ်အန်တီတို့ကို ဖုန်းဆက်တိုင်လိုက်မှာပဲ "
မျက်လုံးလေးတွေ မှေးစင်းကာ ညစ်ကျယ်ကျယ်ပြောလိုက်တော့ ...

"ဟင့် ... အကျင့်ကိုမကောင်းဘူး "
မေမေတို့ကို သွား‌တိုင်မှတော့ သူမအပြောခံရမှာပေါ့ ... ဒီလူ သူမကိုဆို ခြိမ်းခြောက်ဖို့ချည်းပဲ အရင်က သူမသိခဲ့တဲ့ ကို 9ရော ဟုတ်ရဲ့လား ...ဇာတ်ကားတွေထဲကလို ဝိညာည်များပြောင်းသွားလား ...

"ဒါပေမယ့် ငယ်‌ေလးစိတ်ချ ငယ်လေးမကြည်ဖြူရင် ကိုယ် ငယ်လေးကို ဘာမှမလုပ်ဘူး ..."

"သေချာလား..."
သူ့ကိုယုံရမှာလား ... သူ‌လုပ်ချင်ရင် ဘယ်တုန်းက တားရတာကျလို့

"အင်း ..."

"ပြီးရောလေ ရှင့်ကတိနဲ့ ရှင်နော် ...ကတိလာဖျက်လို့ကတော့ ရှင်ဟာကို ဖြတ်ပစ်မယ် .. "
ခပ်တည်တည်နှင့် သူမလေးက ကျိန်းလိုက်‌ေသးသည် ...

☕ မင်းက ကိုယ့်အပိုင် ☕Donde viven las historias. Descúbrelo ahora