အပိုင်း (၁)

38.6K 252 1
                                        

☕ မင်းက ကိုယ့်အပိုင် ☕

အပိုင်း ( ၁ )
"ငယ်လေးရေ မပြီးသေးဘူးလား မနက်စာလာစားတော့လေ..."
9(နိုင်း)တစ်ယောက် ကျောင်းပထမဆုံးရက်ကို စောစောမထဘဲ သွားနှိုးမှ တော်တော်ကြာကြီးနှိုးပြီးမှ မထချင်ထချင်နဲ့ ထပြီး ကျောင်းသွားဖို့ပြင်ဆင်နေလေတဲ့ အပျင်းမလေး မိုးစက်ကို လှမ်းခေါ်နေလေရဲ့...

9(နိုင်း)ခေါ်တော့ ပြင်လက်စတွေကို ပိုပြီးမြန်မြန်ပြင်ဆင်ပြီး ပြောပြောဆိုဆိုနဲ့ ဆင်းလာခဲ့လိုက်သည်...
"လာပြီ Oppa(အိုပါး)ရေ"
ကိုရီးယား ရူးမလေး မိုးစက်ကတော့ သူ့အကိုကို ကိုရီးယား မင်းသားတွေကို ခေါ်သလို တစ်ခါတလေ Oppa(အိုပါး)လို့ ခေါ်လေ့ရှိတယ်
...ပုံမှန်တော့ ကိုကိုလို့ခေါ်တယ်...
ဘာမှ သွေးမတော်သားမစပ်ပေမယ့် ငယ်ငယ်တည်းက မောင်နှမလိုအတူတူနေခဲ့ရတဲ့ မိုးစက်အတွက် 9(နိုင်း)အပေါ် အကိုတစ်ယောက်လိုပဲ တွယ်တာနေမိသည်...

သူ့ကို oppa(အိုပါး)လို့ခေါ်ပြီး ပြေးဆင်းလာတဲ့ မိုးစက် ကိုကြည့်ပြီး ပြုံးကာ ခေါင်းလေးသာရမ်းပြီး မနက်စာပြင်ထားတဲ့ စားပွဲဆီ လာခဲ့လိုက်သည်...

"မနက်စာက ဘာလဲ မာမီ"
စားပွဲ ပေါ်က စားစရာတွေပြင်နေတဲ့ ဒေါ်သစ်ခက်ကို သွားလေးဖြီးကာ လှမ်းမေးလိုက်တယ်...
"သမီးလေး အတွက်က မုန့်တီ...သား9(နိုင်း)အတွက်က ဆီချက် ဒယ်ဒီနဲ့ မာမီက ကော်ဖီ နဲ့ ပေါင်မုန့် ပဲ..."
"ဟင် ... မိုးစက် အတွက်က မုန့်တီပဲလား"
နှာခေါင်းလေးရှုံ့ကာမေးလိုက်တော့...
"သမီးလေးက ဘာစားချင်သေးလို့လဲ ပြောလေ"
"ဟီး...သမီးက ဆီချက်ရောစားချင်တာ"
သွားလေးကိုဖြီးကာ ဂုတ်လေးပုပြီးပြောလိုက်တယ်...
"အမလေး သိပါတယ်ရှင် သမီးလေးအကြောင်းသိလို့ အကုန်အပိုလုပ်ထားပါတယ်ရှင်"
"ဟီးဟီး"
"မုန့်တီကရော မစားတော့ဘူးလား"
"စားမှာလေ မုန့်တီရော ဆီချက်ရော"
"ဟား...ဟား ဒယ်ဒီ့သမီးလေးကတော့ အစားအသောက် အတွက်စိတ်မပူရဘူး"

"သမီးလေး ဒီနေ့က ပထမဆုံးရက် ဆိုတော့ ဘယ်မှလျှောက်မသွားနဲ့နော်...သွားစရာရှိရင်သမီးအကိုနဲ့ပဲသွား သမီးအကိုစကားလဲ နားထောင်နော်..."
"ဟုတ်ကဲ့ပါ မာမီရဲ့ သမီးကလေးမဟုတ်တော့ပါဘူး အခုဆို တက္ကသိုလ်ကျောင်းသူ တောင်ဖြစ်နေပြီနော်..."
"အေး အဲ့လိုမငယ်တော့လို့ပဲ စိတ်ပူရတာ... နောက်ပြီးသမီးလေးက အခုထိ ကလေးစိတ်ကပျောက်ချင်သေးတာမဟုတ်ဘူး"
ဟုတ်ပါသည် ... မိုးစက်က အိမ်မှာ အငယ်ဆုံးဆိုတော့ အိမ်သားတွေကလဲ ကလေးလိုဆက်ဆံတာကြောင့်ပါ ကလေးလိုလိုသာ ဖြစ်နေလေသည်...
"အာ...မာမီ ကလဲ "
"ကဲကဲ မြန်မြန်လုပ်ကြ ဒယ်ဒီ ကုမ္ပဏီ သွားတော့မယ်နော်"
"ဟုတ်ဒယ်ဒီ"

☕ မင်းက ကိုယ့်အပိုင် ☕Donde viven las historias. Descúbrelo ahora