အပိုင်း (၁၇)

11.3K 108 5
                                        

☕ မင်းက ကိုယ့်အပိုင် ☕ အပိုင်း (၁၇)
🚨🚨🚨

"ကလောင် …"
မိုးစက် ညဘက်မအိပ်ခင်လေး ဖုန်းသုံးနေတုန်း စာတစ်စောင်ဝင်လာခဲ့လို့ ကြည့်လိုက်တော့ ...
သူမသွေးပင် ပျက်ချင်သွားရသည် ...
ဘေးနားက 9ကို ကြည့်လိုက်တော့ လပ်တော့ပ်တစ်လုံးနှင့် သူ့အလုပ်သူအာရုံစိုက်နေ‌တာမို့ သူမသက်ပြင်းချလိုက်ရသည် ...

ကိုရှိုင်းဆီက စာတွေက အဆက်မပြတ်ဝင်နေတာမို့ သူမဖုန်းလေးကို အသံပိတ်ထားလိုက်ရသည် ...

9သာသိသွားရင်ဆိုတဲ့စိတ်က သူမကို တုန်လှုပ်စေပါသည် ...

သူပို့တဲ့စာလေးတွေကို နှိပ်ပြီးဝင်ကြည့်လိုက်တော့ ...
"မိုး ဘာလုပ်နေလဲ 🤍"
စားပြီးပြီလား အစရှိသဖြင့် အသဲတွေအများကြီးနှင့် ပို့ထားလေသည် ...

သူမကြည့်နေရင်း ဝင်လာခဲ့တဲ့စာက
ကိုယ့်ကို ဘာလို့စာမပြန်တာလဲ ...

သူမစာမပြန်မချင်းစာတွေ တရစပ် ပို့နေတာမို့ သူမလဲ သူ့ကို စာပြန်လိုက်သည် ...
"မိုးစက် အိပ်တော့မယ် ..."
ထိုအခါ သူ့ဆီက စာတွေက ချက်ချင်းဝင်လာခဲ့ပြန်သည် ...

"ဟုတ်ကဲ့ပါဗျာ အဲ့တာဆို အိပ်တော့နော် ဂွတ်နိုက် အာဘွား 😘"
"အများကြီး ချစ်တယ်နော် ..."

သူမဖုန်းလေးချကာ ‌အိပ်ဖို့ပဲ ပြင်လိုက်တော့သည် ...
"ငယ်လေး အိပ်တော့မှာလား "
အလုပ်လုပ်နေတာမို့ တပ်ထားတဲ့ ရွှေကိုင်းမျက်မှန်လေးကို ချွတ်ကာ 9က မိုးစက်ဘက် လှည့်ကာ မေးလိုက်တော့ ...

"ဟင် ... အင်း အိပ်တော့မှာ "

"အော် အွန်း အဲ့ဒါဆို ခနနော် ...ကိုယ် လပ်တော့ပ် ပိတ်လိုက်အုံးမယ် ..."
9 လပ်တော့ပ်လေးပိတ်ကာ မီးမှိတ်၍ ညအိပ်‌မီးလေး ပြောင်းထွန်းလိုက်သည် ...
ထို့နောက် သူမ‌ေဘးဝင်လှဲကာ သူမခါးသိမ်သိမ်းလေးကို ဖက်ပြီး အိပ်လိုက်သည် ...
...........
"ဟို မှာ ရောက်ပါပြီရှင် ..."
မိုးစက်ဝင်ဝင်ချင်း ဖြူကာ မိုးစက်ကို မေးငေါ့ကာ ပြောလာတာမို့ မိုးစက်က ဘာလဲ ဆိုတဲ့အထာနှင့် မေးလေးပြန်ငေါ့လိုက်တော့ ...

"ဒီမှာ မိုးစက်ရေ နင်မလာရင် သေတော့မလိုဖြစ်နေတဲ့ အရူးတစ်ယောက်ရောက်နေလို့ ..."
ဖြူ့ဘေးက မို့းစက်နေရာမှာထိုင်နေတဲ့ ရှိုင်းကို မျက်စပစ်ကာ ပြောလိုက်သည် ...

☕ မင်းက ကိုယ့်အပိုင် ☕Onde histórias criam vida. Descubra agora