အပိုင်း (၄)

8.7K 94 0
                                    

☕ မင်းက ကိုယ့်အပိုင် ☕ အပိုင်း (၄)
(🚨 Warning  ပါ ...)

အဲ့ဒီတော့ ဒီကောင်မလေး မျက်နှာ ပြုံးပျော်နေတာ အဲ့ကောင်ကြောင့်ပေါ့ ဒီကောင်ကြီးရင်တော့ ကျိုးရပါပြီ ကလေးရယ် သိတတ်စအရွယ်တည်းက နှစ်တွေအကြာကြီး ချစ်ခဲ့ မိတဲ့ ကောင်မလေးက ခုတော့ တခြားကောင်ကြောင့် ပြုံးပျော်နေပြီတဲ့လား ...သူ့ဘဝမှာ အရာရာတိုင်း ဆုံးရှုံးပြီးသားမို့  သူသိပ်ချစ်ရတဲ့ ‌သူမလေးကိုတော့ ဆုံးရှုံးလို့မဖြစ်ပါ... မဆုံးရှုံးအောင်လဲ သူလုပ်မည် ..  .ဘယ်နည်းနဲ့ ဖြစ်ပါစေ သူ့မ‌ေလးက သူ့အပိုင်ဖြစ်ဖို့ဆိုရင် မတရားတဲ့ နည်းလမ်းနဲ့ဆိုရင်တောင်ပေါ့ ...

ကားပေါ်တွင်လည်း စကားသံတွေ တိတ်ဆိတ်သွားလေသည် ...

…................
"ဟော သားနဲ့သမီး ပြန်ရောက်လာပြီ "

"ဟုတ်ကဲ့ မေမေ"
9ကတော့ ဘာမှမပြောဘဲ ကားပေါ်ကဆင်းကာ သူ့အခန်းထဲ တန်းဝင်သွားလေသည် ...

သူမလေးလဲ သူမမေမေနဲ့စကားခနပြောကာ အခန်းထဲဝင်ကာ ရေချိုးပြီး ဖုန်းခဏသုံးနေလိုက်သည် ...

"သားနဲ့ သမီးရေ ထမင်းစားကြမယ်..."

"ဟုတ် လာပြီ မေမေ "
အောက်က သူမအမေအသံ ကြားတာနဲ့ သူမလေး လက်ထဲက ဖုန်းလေးချကာ အောက်ဆင်းလာခဲ့သည် ..."

"သမီးအကိုရော ဘာလုပ်နေလဲ မလာသေးဘူးလား သမီး "

"ခနနေ ဆင်းလာမှာနေမှာ မေမေ "

"အေးအေး"
"ဘာတွေ ချက်တာလဲ မေမေ"

"ငါးဆားနယ်ဆီပြန်လေးရယ် ငါးလေးအိုးကပ်ရယ် ဝက်သားကြော်လေးရယ် တခြားအရံဟင်းလေးတွေရော သမီး "

"ဝါး ဗိုက်ဆာနေတာနဲ့ အတော်ပဲ "

"သမီးအကို ခုထိ ဆင်းမလာသေးဘူးလားသမီး သွားခေါ်လိုက်ပါအုံး "

"ဟုတ်"
"ဒေါက် ဒေါက်  အိုပါးရေ မေမေက ထမင်းစားမယ်တဲ့ "
သူ ကျောင်းကပြန်လာတည်းကနေ ခုထိ ဘာမှမလုပ်ရသေးပေ ...အိပ်ယာထဲခေါင်းစိုက်ကာ နေနေမိသည် ...
အပြင်က သူမလေးရဲ့ အသံဆာဆာလေးကြားမှ သတိဝင်လာကာ ...

"မဆာသေးလို့ ပြီးမှဆာတော့မယ် ငယ်လေး"

"ဟုတ် "
သူမလေးလည်းအောက်ပြန်ဆင်းလာခဲ့လိုက်သည် ...

☕ မင်းက ကိုယ့်အပိုင် ☕Donde viven las historias. Descúbrelo ahora