အပိုင်း (၁၀)

8.7K 92 1
                                    

☕ မင်းက ကိုယ့်အပိုင် ☕ အပိုင်း (၁၀)
(🚨🚨🚨)

"ငယ်လေး "
သူမနာမည်ကို အံကြိတ်ကာ ခေါ်လိုက်သည် ...

"ဟင် "
အသံလာရာ ကြည့်လိုက်တော့ 9 ပင် ...
မျက်မှောင်ကြီးကြုံ့၍ လက်သီးဆုပ်ထားပုံက စိတ်တိုနေမှန်း သိသာလှပါသည် ...

သူမတို့ အနားကို ခြေလှမ်းကျဲကြီးတွေနှင့် လျှောက်လာကာ ...
"ဘယ်တွေ လျှောက်သွားနေတာလဲ ..."

"ဘယ်သွားသွား ရှင်နဲ့မဆိုင်ဘူး "
သုမလေးလဲ သူ့ကိုရွဲ့ချင်တာကြောင့် ပြောလိုက်လေသည် ...

"မင်း ...တောက် ...ဟာကွာ ဒုန်း"
ဘေးနားက ကားကို လက်သီးနဲ့ တစ်ချက်ပစ်ထိုးလိုက်လေသည် ...

ထို့နောက် ဖြူနဲ့ မိုးသောက်ယံတို့ နှစ်ယောက်ကလဲ ဝင်လာကြသည် ...

အခြေအနေကို အကဲခတ်ကြည့်တော့ မဟန်တာကြောင့် ဖြူက သူမအကိုနားကပ်ကာ မေးလိုက်လေသည် ...

"ကိရှိုင်း ဘာတွေဖြစ်နေကြတာလဲ "
ရှိုင်း ကလဲ မိုးစက်တို့ကိုသာ ကြည့်နေကာ ဘာမှပြန်မဖြေ ...

"ရှင် ကျွန်မကို လာစိတ်တိုနေစရာမလိုဘူး "
မိုးစက်က 9 ကိုပြန်အော်လိုက်လေသည် ...

ဖြူလဲ မိုးစက်တို့ကိုကြည့်ကာ ဘာပြောရမှန်းမသိ ... ရှင်နဲ့ ကျွန်မတွေတောင် ဖြစ်ကုန်ပြီဆိုတော့ အခြေနေတွေက ဘယ်လောက်တောင် ဆိုးနေတာလဲ ...

"မင်း လာခဲ့ သွားမယ် ..."
9 လဲ မိုးစက်လက်ကို အတင်းဆွဲခေါ်လိုက်လေသည် ...

"လွှတ် ကျွန်မလက်ကိုလွှတ် မလိုက်ဘူး "

"တောက် ... ကိုယတို့အကြောင်း အကုန်မသိခင် အမြန်လိုက်ခဲ့လိုက်တော့နော် ငယ် "
ထိုအခါမှ သူမလဲ ဘာမှပ့န်မပြောနိုင်တော့ပဲ သူဆွဲခေါ်ရာ လိုက်ခဲ့လိုက်ရတော့သည် ...

ကားကို ဒုန်းစိုင်းမောင်းကာ ထွက်လိုက်လေသည် ...

ခနအကြာ ကျောင်းနဲ့ဝေးရာ လမ်းဘေးနား ကားကိုချရပ်လိုပ်သည် ...
သူမလေးကိုကြည့်လိုက်တော့ သူဘက်လုံးဝမလှည့်ပေ ...

သူကပဲ စကားစလိုက်လေသည် ...
"အဲ့ကောင်နဲ့ ဘယ်သွားကြတာလဲ "

"..."
"ကိုယ်မေးနေတယ်လေ ငယ်"

☕ မင်းက ကိုယ့်အပိုင် ☕Donde viven las historias. Descúbrelo ahora