အပိုင်း (၁၉)

15.5K 114 2
                                    

☕ မင်းက ကိုယ့်အပိုင် ☕ အပိုင်း (၁၉)
🔞🔞🔞(အမှောင် ကြိုတင် warningပေးပါတယ်နော်...)

9 စားပွဲပေါ်က ဖုန်းထဲမှာမြင်နေရတဲ့ ပုံတွေကြည့်ပြီး စိတ်တိုနေရသည် ...
တင်းတင်းဆုပ်ထားတဲ့ လက်သီးက အကြောတွေထောင်နေကာ အံ့ကိုသာ တင်းတင်းကြိတ်ထားမိသည် ...
စိတ်တိုခြင်းနှင့်အတူ မယုံနိုင်ခြင်းနှင့် အံဩမှုတို့ကလဲ လှိုက်တက်လာလေသည် ...
"ဟာကွာ တောက် "
သူစားပွဲခုံပေါ်က လပ်တော့နဲ့အတူ စာရင်းစာအုပ်တွေအားလုံးကို သပ်ချပစ်လိုက်သည် ...

စိတ်တိုလွန်းလို့ လက်တွေပါ တုန်ယင်နေရသည် ...

အလိုက်မသိတဲ့ ဖုန်းလေးကတော့ သူမကိုသွားကြိုရန် အမြဲတမ်းချထားတဲ့ နှိုးစက်လေးက မြည်လာခဲ့သည် ...
နှိုးစက်မှာ ရေးထားတာလေး
♡ ချစ်ဇနီးလေး သင်တန်းဆင်းချိန် ♡

"တောက် ..."
အသံကျယ်ကျယ် တောက် တစ်ချက်ခေါက်ကာ ဖုန်းကနှိုးစက်ကိုပိတ်လိုက်ပြီး  အောက်ကို ဆင်းလာခဲ့လိုက်သည် ...

သူလမ်းတစ်လျှောက်လုံး ကားဒတ်ရှ်ဘုတ်ကိုသာ ခပ်ပြင်းပြင်းထုနေမိသည် ...

ကျောင်းရှေ့ရောက်တော့ သူမက ခါတိုင်းလိုပင် သူ့ကိုမတ်တပ်‌ေလးရပ်ကာ စောင့်နေသည် ...
သူ့ကားလေးရပ်တာ မြင်တော့ သူမကားနားလျှောက်လာတာ မြင်တာကြောင့် ကားတံခါးလေးကို ဖွင့်ပေးလိုက်သည် ...

ခါတိုင်းလိုတော့ စကားတွေဖောင်ဖွဲ့ကာ မပြောဖြစ်ပေ ...
လမ်းတစ်လျှောက်လုံးလဲ  ဘယ်သူ့မှ စကားမပြောကြတာကြောင့် ကားထဲမှာ တိတ်ဆိတ်လို့နေသည် ...

အရမ်းတိတ်ဆိတ်နေသော 9ကိုလဲ မိုးစက်လှမ်းလှမ်းအကဲခတ်နေမိသည် ...
အခုလိုဖြစ်နေတာက သူမအတွက် အနေရခက်စေပါသည် ...
............
"ငယ်လေး ..."

"ဟင် "
ကားပေါ်မှာ တစ်လမ်းလုံးတိတ်ဆိတ်နေပြီးအိမ်ထဲရောက်မှ ရုတ်တရတ်ထွက်ပေါ်လာသော အသံကြောင့် သူမအနည်းငယ်တုန်သွားရသည် ... အသံကလဲ ခါတိုင်းလို နူးညံ့မနေပဲ မာန်ပါနေသယောင် ...

"မင်းနဲ့ ရှိုင်းနဲ့က ဘာတွေလဲ "
ဒီစကားကို သူလုံးဝမမေးချင်ပါ သူ့အတွက် သေလောက်အောင် နာကျင်ရပါသည် ...

☕ မင်းက ကိုယ့်အပိုင် ☕Donde viven las historias. Descúbrelo ahora