အပိုင်း (၉)

13.5K 131 0
                                        

☕ မင်းက ကိုယ့်အပိုင် ☕ အပိုင်း (၉)
(🚨🚨🚨)

"အဟင့် အဟင့် "
မုန်းတယ် မုန်းတယ် ...
..............
"သမီးလေးက ဘာပြောလဲ "

"သမီးလေးက လက်မခံဘူးရှင့် ခုလဲ ငိုနေရှာတယ် "

"အင်းပေါ့ သူလဲ ချက်ချင်းကြီးဆိုတော့ ....ဒါပေမယ့် သမီးလေးကို တခြားသူစိမ်း လက်ထဲ ထည့်ရတာထက်စာရင် သား 9 လက်ထဲတော့ စိတ်ချရတာပေါ့ ..."

"အင်းပါ ကျွန်မလဲ သူတို့အချင်းချင်း အဆင်ပြေသွားကြဖို့ပဲ မျှော်လင့်တာပါပဲ ..."
.................
"ရှင် ဘယ်လိုလုပ်လိုက်တာလဲ ..."
မျက်နှာလေးက ငိုထားလို့ရဲနေကာ 9ကို သွားအော်လိုက်သည် ... ခါတိုင်းလို ကိုကိုတို့ အိုပါးတို့လဲ သူမ မခေါ်ချင်တော့ပါ သူမယုံကြည်မှု ရိုက်ချိုးခံလိုက်ရသလို သူမခံစားလိုက်ရသည် ..

"ဘာကိုလဲ ငယ်လေး"
သူကတော့ အေးအေးလူလူပင်ပြန်ဖြေလိုက်သည် ...

"လက်ထပ်ဖို့ကိစ္စ ငယ်လုံးဝလက်မခံနိုင်ဘူးနော် ..."

"ကိုယ် ပြောပြီးသားပဲလေ ကိုယ်လဲ မင်းကို အဆုံးရှုံးမခံနိုင်တာ သေချာပါတယ်လို့ "
မျက်ခုံးလေးပင့်ကာ ပြောလိုက်ပုံက အမြင်ကပ်ချင်စရာ ...

"ငယ်သဘော မတူပဲ အတင်းအကြပ်လုပ်လို့ကတော့ ငယ်ရှင့်ကို မုန်းမှာနော် ..."

"မုန်းပေါ့ ... ကိုယ့်ရင်ခွင်ထဲနေပြီးပဲ ကိုယ့်ကို မုန်းလိုက်ပါ ...သူများရင်ခွင်ထဲရောက်မှာကိုတော့ ကိုယ်ရင်နာနာနဲ့ မကြည့်နိုင်ဘူး ..."

သူ့ရင်ထဲမှာလဲ ပူလောင်ကာ နာကျင်နေရပါသည် ... ငယ်လေးရယ် အဲ့မုန်းတယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့ တင် ကိုယ်အကြိမ်ကြိမ်သေ‌နေပါပြီ ... ဒါပေမယ့် ကိုယ်ငယ်လေးကို အဆုံးရှုံးမခံနိုင်ဘူး  ... ကိုယ့်မှာ ဘယ်သူမှ မရှိတော့ဘူး ငယ်လေးတစ်ယောက်ပဲ ကိုယ့်မှာရှိတော့လို့ပါ ... ကိုယ် ဒါကြောင့် ငယ်လေး‌ကို ဆုံးရှုံးရမှာ အကြောက်ဆုံးပဲ ...

"ဟင့် ရှင်က ငယ့်ကို ချစ်တာမဟုတ်ဘူး ရှင်က အတ္တကြီးတာ သိရဲ့လား ..."
သူမမျက်ရည်လေးတွေဝဲကာ သူ့ကိုပြောလာခဲ့သည် ...

"ချစ်မှတော့ ပိုင်ဆိုင်ချင်တာပဲ ငယ် ... အဲ့ဒါကိုမှ ငယ်လေးက အတ္တလို့ ဆိုချင်ရင်လဲ ဟုတ်တယ် အဲ့ဒါ ကိုယ့်ရဲ့ ချစ်အတ္တတွေ "

☕ မင်းက ကိုယ့်အပိုင် ☕Onde histórias criam vida. Descubra agora