အပိုင်း (၁၃)

9K 94 0
                                    

☕ မင်းက ကိုယ့်အပိုင် ☕ အပိုင်း (၁၃)
(🚨🚨🚨)

"အင့် ..."
အခန်းထဲသို့ တိုးဝင်လာသော နေရောင်ခြည်လေးနှင့်အတူ သူမလေးနိုးထလာခဲ့သည် ...
တစ်စုံတစ်ခု
နဲ့ ရစ်ပတ်ထားသလို ခံစားရတာကြောင့် ငုံကြည့်လိုက်တော့ ဖက်ထားလိုက်တာများ သူမကိုယ်လုံးလေးပင် မြုပ်နေလေပီ့ ...
ညတုန်းက မအိပ်ခင်ကတော့ သူနဲ့ တစ်အိပ်ယာထဲ အတူအိပ်ရတာမို့ အိပ်မပျော်ပဲ ဖြစ်နေကာ သတိထားပြီး အိပ်ဖို့ တွေးထားပေမယ့် တကယ်လည်းအိပ်ပျော်သွားရော တဈိုးတည်းပင် တစ်ရေးမှတောင် မနိုးလိုက် ... သူကတစ်ခုခုလုပ်ရင်တောင် သူမသိလိုက်မှာမဟုတ် ...
တင်းကြပ်နေတဲ့ အထိအတွေ့ကြောင့် သူမသူ့လက်တွေကို ဖယ်ခွာဖို့ ကြိုးစားလိုက်သည် ...
သို့ပေမယ့် လက်တွေက ဆွဲခွာလို့ မရတဲ့အပြင် ပိုမိုတင်းကြပ်စွာ ထွေးပွေ့ခံလိုက်ရသည် ...

"အ..."

"နိုးပြီလား ..."
9သူ့အရှေ့က သူ့ရဲ့ဇနီးမယား ပူပူနွေးနွေးလေးပြံုးကြည့်ကာ ပြောလိုက်သည် ...
မိန်းမတစ်ယောက်ရဲ့ အလှဆုံးအချိန်က အိပ်ယာနိုးစအချိန်ဆိုတာ သူ့ရဲ့ ငယ်လေးကို ပြောတာဖြစ်လိမ့်မည် ... မျက်လုံးလေးတွေပြည့်လို့ ပါးလေးတွေလဲ ဖောင်းနေကာ နှုတ်ခမ်းလေးတွေဆို ရဲတွတ်လို့နေသည် ... တကယ်ချစ်စရာလေးမလို့ သူ့မှာ ချစ်မဝ ရှုမဝဖြစ်နေရလေသည် ...

"ဒီမှာ ... ကျွန်မပြောတာမကြားဘူးလား ..."
သူမကို လွှတ်ပေးဖို့ပြောတာကို ဘာမှပြန်မပြောပဲ သူမကိုသာ ပြုံးကြည့်နေတဲ့သူကြောင့် လက်မောင်းကိုတစ်ချက် ခပ်ဆတ်ဆတ်လေး လှမ်းရိုက်ကာ ပြောလိုက်သည် .. .

"ဟင် ဆောရီး ငယ်ဘာပြောတာလဲ ..."
သူမလေးရိုက်ကာ ပြောတော့မှ သူမရိုက်လိုက်တဲ့လက်မောင်းလေးကိုပွတ်ကာ မချိုမချဥ်ရုပ်ကလေးနှင့် ပြန်မေးလိုက်သည် ....

"ငယ့်ကို လွှတ်ပေးလို့ အသက်ရှူကြပ်လာပြီ ..."
သူမကို ဖက်ထားတဲ့ သူ့လက်တွေကို ကြည့်ကာ ပြောလိုက်သည် ...

"အော် အင်း ... "
ထိုအခါမှ သူမ‌ကိုယ်လေးကို လွှတ်ပေးလိုက်သည် ...

"ဘယ်လိုဖြစ်နေတာလဲကွာ မျက်နှာလေးကလဲ ရှုံ့လို့ မဲ့လို့ ... "
ရှုံ့မဲ့နေတဲ့ သူမမျက်နှာလေးကို ကြည့်ပြီး ပါးလေးကို ဖွဖွတစ်ချက်နမ်းလိုက်သည် ...
"မှ"

☕ မင်းက ကိုယ့်အပိုင် ☕Donde viven las historias. Descúbrelo ahora