အပိုင်း (၂၄)

18.1K 123 0
                                        

☕ မင်းက ကိုယ့်အပိုင် ☕ အပိုင်း (၂၄)

"မေမေ ငယ်အိမ်ရောက်နေတာလား "
သူမရောက်တာနဲ့ သိပ်တော့မကြာလိုက် လာလိုက်လာခဲ့သည် ...

"အေး ဟုတ်တယ်သားလေး သမီးလေးက သူ့အခန်းထဲမှာ "

"ဟုတ် အဲ့ဒါဆို ကျွန်တော်လိုက်သွားလိုက်မယ်ဗျ ..."

"အေးအေး သားမေမေထမင်းစားခါနီးလှမ်းခေါ်လိုက်မယ်နော် "

"ဟုတ်ကဲ့ဗျ "

သူအပေါ်ထပ်ရောက်တော့ အခန်းတံခါးက လော့ခ် မချထားတာမို့ တံခါးကိုအသားဖွင့်လိုက်သည် ...
သူမကတော့ ကုတင်ပေါ် ခြေထောက်‌ေလးအ‌ေပါ်‌ေကွး၍မှောက်ရက်လေး‌နဲ့ ဘာတွေကြည့်ပြီး ပြုံးနေတယ်မသိ ...

သူလဲ အသံမပေးပဲ တံခါးလော့ခ်ချကာ သူမနားထိုင်ကာ သူမခါးလေးကို အပေါ်ကနေ လှမ်းဖက်လိုက်သည် ...

"အမေ့ ...ဟင် ကိုကို"
သူမထိုအခါမှ လန့်ပြီးထကြည့်မိသည် ..

"အဟက် ... လူလည်မလေး ကိုယ့်ကိုဒီလိုပတ်ပြေးလို့ရမလားကွ "

"ဟင် မပြေးပါဘူး ငယ်က မေမေတို့ကို လွမ်းလို့လာတဲ့ဟာကို "
ခပ်တည်တည်နှင့်ပင် လိမ်လိုက်ပါသည် ...

"အဟက် ... ဘာတွေကြည့်နေတာလဲ "

"အင်း ဒီမှာလေ ငယ်တို့ငယ်ငယ်က ဓာတ်ပုံအယ်လ်ဘမ် ခုမှတွေ့လို့ကြည့်နေတာ..."

"အင်း ကိုယ်ကတော့အမြဲကြည့်တယ် "

"ဟုတ်လား ငယ်က ငယ်ငယ်က တအားဆိုးတာပဲနော် ..."

"မဆိုးပါဘူး ချစ်ဖို့ကောင်းတာ"
တကယ်ပဲလေ သူ့အတွက်တော့ သူမလေးက အမြဲချစ်စရာအတိ ...

"ဟင့် အပိုတွေပြောပြန်ပြီ "
သူမကမယုံသလိုနဲ့ နှာခေါင်းလေးရှုံ့ပြလိုက်သည် ...

"တကယ်ပြောတာပါဗျာ ..."

"ကိုကို ငယ့်ကို ဘယ်အချိန်တည်းကစချစ်တာလဲ "

"အင်း လူမှန်းသိတတ်စအရွယ်တည်းက ... ငယ်ကရော ကိုယ့်ကိုအခုထိ မချစ်သေးဘူးလား "

"ဟင် ..."
မေးခွန်းက သူမဘက်လှည့်လာတော့ သူမဖြေရကြပ်သွားသည် ...
မျက်လုံးလေးပေကလပ်ပေကလပ်လုပ်၍ ...

☕ မင်းက ကိုယ့်အပိုင် ☕Wo Geschichten leben. Entdecke jetzt