☕ မင်းက ကိုယ့်အပိုင် ☕ အပိုင်း (၂၆)
"အား ... မွ"
9စာကြည့်စားပွဲပေါ်ထိုင်နေတဲ့ သူမခါးသေးသေးလေးကို နောက်ကနေ သိမ်းဖက်ကာ သူမပါးလေးကို မွတ်သိပ်စွာ နမ်းရှိုက်လိုက်သည် ..."အား ... ကိုကိုကလဲ ဖယ် ဘာလုပ်တာလဲ ... ငယ်ဒီမှာ စာလုပ်နေတယ်လေ "
သိုင်းဖက်ထားတဲ့သူမခါးပေါ်က သူ့လက်တွေကို ဖယ်ချကာ ပြောလိုက်တော့ သူကမလွှတ်ပဲ သူမကိုယ်လေးကို သူ့ဘက်လှည့်စေလိုက်သည် ... အလိုက်သင့်ပါလာတဲ့ သူမကိုယ်လေးကို ဖက်၍ သူမမျက်လုံးလေးကိုစိုက်ကြည့်ကာ ..."ချစ်လိုက်တာဗျာ ..."
နှုတ်ကနေ ဖွဖွလေးရွတ်ဆိုလိုက်သည် ...
သူမကတော့ ပိုကိုပိုတယ်ဆိုတဲ့ အထာနှင့် မျက်စောင်းလေးထိုးလိုက်သည် ..."အဟက် ... ကိုယ်တို့ မဂ်လာဝတ်စုံချုပ်ဖို့ ကိုယ်သွားတိုင်းရအောင်လေ "
"ဟင် ... ကိုကိုကလဲ စာမေးပွဲပြီးမှပဲ သွားရအောင်လေ ငယ်ဒီမှာစာမရသေးဘူး ... ကိုကိုကတော့ ရပြီမလား "
မျက်နှာလေးမဲ့ကာ ပြောလိုက်သည် ..."အွန်း "
"ဟွန့် "
ရမှာပေါ့ သူက ငယ်တို့ ၁နာရီလောက်လုပ်ရတဲ့စာဆို ၁၅မိနစ် မိနစ်၂၀လောက်ပဲ လုပ်ရတာလေ အဲ့တာကြောင့်လဲ ထိပ်ဆုံးကျောင်းသားဖြစ်နေတာပေါ့ ... ငယ်ငယ်ကဆို သူမဘယ်လောက်ပဲ ကြိုးစားကြိုးစား သူ့ကိုတော့မမှီပေ ..."ဟား ... ဘာဖြစ်တာလဲ ... ကိုယ်ကူလုပ်ပေးရမလား ... ဒီလိုလုပ်လေ ကိုယ်က မေးတတ်တဲ့မေးခွန်းတွေ ထုတ်မယ် ငယ်လေးကဖြေပေါ့ ..."
သူမကြည့်နေတဲ့ စာအုပ်လေးကိုင်ကာ ပြောလိုက်တော့ ..."အွန်း အွန်း ... လုပ်မယ် "
သူမ မျက်နှာလေးဝင်းသွားကာ ပြုံးပြလိုက်သည် ..."အွန်း ဟုတ်ပြီ ဒါပေမယ့် မှားရင်တော့ အပြစ်ပေးမှာနော် ..."
"ဟင် ... အပြစ် ကိုကိုက ငယ့်ကို ရိုက်မှာလား "
သူမမျက်နှာလေးရှုံ့ကာ ပြောလိုက်တော့ ..."အင်း ရိုက်မှာ တုတ်နဲ့တော့မဟုတ်ဘူး နှုတ်ခမ်းနဲ့ ... တစ်လုံးမှား တစ်ခါနမ်းမှာ "
သူ့နှုတ်ခမ်းလေးပွတ်သပ်ရင်း သူမနှုတ်ခမ်းလေးကို မျက်စပစ်ကာ ပြောလိုက်သည် ...

YOU ARE READING
☕ မင်းက ကိုယ့်အပိုင် ☕
Romance☕ မင်းက ကိုယ့်အပိုင် ☕ 🚨🔞 9(နိုင်း) 🖤🖤 ငယ်လေး...ငယ်လေးက ကိုယ့်ကိုအကိုတစ်ယောက်လိုပဲမြင်ပေမယ့် ... ကိုယ်ကတော့ အဲ့လိုမဖြစ်ချင်ဘူး ကိုယ်ငယ်လေးကိုချစ်တယ်...ငယ်လေး တခြားတစ်ယောက်ကိုချစ်နေတာကို ကိုယ်လုံးဝလက်မခံနိုင်ဘူး...ငယ်လေးက ကိုယ့်အပိုင်ပဲ ... မိုးစ...