အပိုင်း (၂၇)

12.3K 103 1
                                    

☕ မင်းက ကိုယ့်အပိုင် ☕ အပိုင်း (၂၇)
🚨🚨🚨

ရှိုင်း စာမေးပွဲလဲ ပြီးသွားပြီမို့ သူဆုံးဖြတ်ထားသည့်အတိုင်း စင်ကာပူ သွားဖို့ ပြင်ဆင်‌ေနလိုက်သည် ...

"ကိုရှိုင်း တကယ်ကြီးသွားတော့မှာလား "
ဖြူ သုမအကိုနား မျက်နှာငယ်လေးနဲ့ သွားမေးလိုက်သည် ...
ပုံမှန်သာ သိပ်မတည့်ကြပေမယ့် ခုလိုကျတော့ သူမအကိုနှင့် မခွဲချင်ပါ ...

"အင်း "

"နောက်လလောက်မှ သွားလို့မရဘူးလား ကိုရှိုင်းရယ် "

"ငါ အကုန်လုံးစီစဉ်ပြီးပြီဟ ... "

"အဟင့် "
သူမဝမ်းနည်းလာရသည် ...

"နင် ဟိုနေ့က မိုးစက်ကို ပြဿနာ သွားရှာတယ်ဆို ... နောက်ခါ အဲ့လိုမလုပ်နဲ့နော် ... အကုန်လုံးက သူ့အမှားတစ်ခုမှ မပါဘူး "

"အင်းပါ ... ဖြူလဲ ပြောပြီးမှ အားနာနေတာ ... ကိုကို နောက်ဆုံးအနေနဲ့ သူ့ကိုနှုတ်ဆက်ချင်သေးလား "

"ဟင့်အင်း ... "
ဒဏ်ရာတွေ ထပ်ပြီး အသစ်မဖြစ်ချင်တော့ပါ ... သူမလဲ သူ့ကိုတွေ့ရင် စိတ်သက်သာမှာမဟုတ် ...

"အင်းပါ "
...........
"ငယ်‌လေး အမြန်လုပ်ပါ ... "

"အင်းပါ ကိုကိုကလဲ ဘယ်လိုဖြစ်နေတာလဲ "
မဂ်လာဝတ်စုံ အပ်ထားတာ ရပြီဆိုတာကြောင့် တအားလောနေသော 9ကို  သူမပြောလိုက်သည် ...

"‌ကိုယ့်မိန်းမလေးကို မဂ်လာဝတ်စုံလေးနဲ့ မြင်ချင်လှပြီဗျ ..."

"ကိုကိုနော် ... ဘာမိန်းမလဲ ... ‌"
သူမရှက်မျက်နှာရဲရဲလေးနဲ့ အံလေးကြိတ်ကာ မျက်စောင်းလေးထိုးလိုက်သည် ...

"ဟောဗျာ ... မဟုတ်ဘူးလားပြော ငယ်လေးက ကိုယ့်မိန်းမပဲလေ ... သွေးသားနှီးနှောပြီးသား အကြင်လင်မယားတောင်ဖြစ် ..."
9 စကားမဆုံးခင် မိုးစက် 9ပါးစပ်လေးကို လှမ်းပိတ်လိုက်သည် ...

"အား ... ကိုကို ဘာတွေလျှောက်ပြောနေတာလဲလို့ ... အရှက်ကိုမရှိဘူး "

"အဟား ... ရှက်နေလိုက်တာဗျာ ..."

"တော်ပြီ ... သွားမယ် "
နှုတ်ခမ်းလေးဆူကာ ကားပေါ်တက်သွားတာမို့ 9ရယ်ကာ အနောက်ကနေ လိုက်ရသည် ...
...........
"သတို့သမီးလေးက မမနောက်လိုက်ခဲ့ပါနော် အကျီဝတ်ကြည့်ရအောင် ... သတို့သားက ဟိုဘက်အခန်းပါရှင့် "
ဆိုင်ရှင်အမက ပြောလိုက်တာကြောင့် ...

☕ မင်းက ကိုယ့်အပိုင် ☕Donde viven las historias. Descúbrelo ahora