အပိုင်း (၂၅)

16.9K 117 2
                                        

☕ မင်းက ကိုယ့်အပိုင် ☕ အပိုင်း (၂၅)

"ငယ်လေး ဘာဖြစ်နေတာလဲ "
ငြိမ်သက်နေပြီး တစ်ခုခုကို တွေဝေဝမ်းနည်းနေသယောင်ရှိနေသောကြောင့် 9စိတ်မသက်မသာဖြစ်လာရသည် ...
သူမကိုအရိပ်တကြည့်ကြည့်ကြည့်နေတဲ့သူ့အတွက်တော့ သူမမျက်နှာ တစ်ချက်ညှိုးမှာတောင် စိုးရိမ်နေရသူဖြစ်သည် ...

"ဟင့်အင်း ... "

"ကိုယ့်ကိုမညာနဲ့ ငယ်တစ်ခုခုဖြစ်နေတာကိုယ်သိတယ် ကိုယ့်ကိုပြော "
သူမမျက်လုံးကို ဂရုဏာသက်စွာ စိုက်ကြည့်ကာမေးလိုက်တော့ ...

"ကိုရှိုင်းကလေ ..."

"ကျစ်"
သူမဆီက အဖြေကိုအ‌လေးအနက်နားထောင်နေပေမယ့် ဟိုကောင့်နာမည်ကြားလိုက်ရတာကြောင့် 9စိတ်တိုသွားရသည် ...
သူမပါးစပ်ကထွက်သမျှက အဲ့ကောင်နာမည်ပဲလား ... သူမ ဝမ်းနည်းသလိုဖြစ်နေရတဲ့ အကြောင်းရင်းကလဲ အဲ့ကောင်ကြောင့်ပဲလား ...

"ကိုရှိုင်း ဆေးရုံတင်လိုက်ရတယ်တဲ့ ..."

"ငယ်ခုဝမ်းနည်းနေတဲ့ပုံပေါက်နေတာ အဲ့ကောင်ကြောင့်လား ..."

"မဟုတ်ဘူးလေ အခုဟာက ငယ့်ကြောင့် ..."

"ငယ် ... ငယ်အခုလိုဖြစ်နေတာက ငယ့်ရဲ့သနားစိတ်ကြောင့်ဆိုတာ ကိုယ်နားလည်တယ် ဒါ‌ေပမယ့် အခြားတစ်ဖက်ကကြည့်ရင် အထင်လွဲစရာတွေ ဖြစ်လာနိုင်တယ် "

"..."

"ကိုယ်မဂ်လာဆောင်ဖို့ ဟိုတယ်တွေလဲ ဘွတ်ကင်လုပ်ထားပြီ အဝတ်အစားအတွက်လဲ ကိုယ်တို့အားတဲ့နေ့ သွားတိုင်းရုံပဲ ..."

"ဟင် "
မဂ်လာဆောင်ဖို့အစီစဉ်တွေ ပြောနေတာကြောင့် သူမအံ့ဩနေရသည် ... သူစီစဉ်နေတာသိပေမယ့် အဲ့‌လောက်လောလိမ့်မယ်လို့တော့ သူမ မထင်မိပါ ...

"ငယ်တို့က ကျောင်းတောင်မပိတ်သေးဘူးလေ "

"အင်းလေ ပိတ်တော့မှာလေ ပိတ်ရင်တစ်ခါတည်းလုပ်ဖို့စီစဉ်ထားတာ "
သူဒီထက်ပိုပြီးအချိန်မဆွဲချင်တော့ပါ ...

"ဟီး ..."

"ဘာရယ်တာလဲ "

"ဘာမှမရယ်ပါဘူး ... ကိုကိုက တအားလောနေတာပဲ "

☕ မင်းက ကိုယ့်အပိုင် ☕Nơi câu chuyện tồn tại. Hãy khám phá bây giờ