အပိုင်း (၂၈) ဇာတ်သိမ်းပိုင်း

36.4K 208 19
                                        

Uni
☕ မင်းက ကိုယ့်အပိုင် ☕ အပိုင်း  (၂၈ ) ဇာတ်သိမ်းပိုင်း

"ကို့ သတို့သမီးလေးက လှလိုက်တာဗျာ ..."
9 မိုးစက် အလှပြင်နေတဲ့နားကိုထိုင်ကြည့်ကာ သူမလက်ကလေးတွေကို ဖွဖွလေးဆုပ်ကိုင်ကာ ချစ်ရည်ရွှမ်းနေသောအကြည့်တွေနဲ့ ကြည့်နေ၏ ...

"အမလေး သတို့သားရယ် အကြည့်လေးတွေလည်း လျှော့ပါအုံး "
9ရဲ့ အချစ်ကြီးနေမှုကြောင့် မိတ်ကပ်မာမီတို့ပင် မနေနိုင်ပဲ ပြုံးကာ စနေကြတော့သည် ...

"ဟုတ်ပ ကိုရယ် အပြင်မှာ ဧည့်သည်တွေကို ဧည့်သွားခံထားပါဆို ..."
မနက်ကတည်းက သူပြင်ဆင်ပြီး သူမနားပဲ ကပ်နေတဲ့ 9ကြောင့် သူမပင် မနေတတ်ဖြစ်လာရသည် ...

"ပြီးမှ ငယ်လေးနဲ့ တူတူဆင်းမယ်လေ ... မဂ်ပွဲ ဧည့်ခံပါတယ်ဆို သတို့သား သတို့သမီး တွဲလျက်မှ အဆင်ပြေမှာပေါ့ မဟုတ်ဘူးလား "
မိုးစက်ကို မျက်စလေးပစ်ကာ ဟန်ပါပါပြောနေ‌သည် ...

"အင်းပါ ကို့သဘောပဲ... ဒီမှာ ငယ့်ကိုပဲ ထိုင်ကြည့်နေရတာ မပျင်းဘူးလား "

"ပျင်းစရာလားဗျ ... ကိုယ်က တစ်သက်လုံး ဒီမျက်နှာလေးကို တစိမ့်စိမ့် ထိုင်ကြည့်နေချင်တာ တစ်သက်လုံး ထိုင်ကြည့်ရင်တောင် ပျင်းဖို့မပြောနဲ့ ဝတောင် ဝမှာမဟုတ်ဘူး "
9ရဲ့ ကဲကဲသဲသဲ အပြောကြောင့် ဘေးက မိတ်ကပ်မာမီတို့ပင် ပြုံးစိစိ ဖြစ်ကုန်ကြသည် ...
မိုးစက်ကတော့ မျက်နှာလေးရဲကာ ရှက်သွေးဖြာသွားရသည် ...

"မိုးစက်..."
အခန်းဝ အသံလေးကြောင့် မိုးစက် ရပ်တန့်သွားရသည် ...
ဒီအသံ တခြားသူရဲ့ အသံမဟုတ်ဘူးလေ ... ဖြူ ဟုတယ် ဒါ ဖြူ့အသံပါ ...
သူမ အသံလာရာကို ဝမ်းသာမှုအပြည့်နဲ့ လှမ်းကြည့်လိုက်သည် ...

"ဖြူ ... နင်လာတယ်နော် ... ငါဝမ်းသာလိုက်တာဟာ "
သူမ ပျော်လွန်းလို့ မျက်ရည်လေးတွေပါ ကျမိသည်အထိပင် ...
သူငယ်ချင်းဆိုပေမယ့် သူမအတွက်တော့ မိသားစုဝင်လိုပင် ...

"လာတာပေါ့ဟ ... ငါ့အချစ်ဆုံး သူငယ်ချင်းလေးရဲ့ မဂ်လာဆောင်ကို မလာပဲနေပါ့မလား အရင်က ကိစ္စတွေ အတွက်လဲ ငါတကယ်တောင်းပန်ပါတယ်နော် ... ငါနင့်ဘက်ကို မကြည့်ခဲ့မိဘူး ..."
ဖြူ ‌မိုးစက်ကို အသနားခံသလိုလေးကြည့်ကာ ‌ပြောလိုက်၏ ...

☕ မင်းက ကိုယ့်အပိုင် ☕Место, где живут истории. Откройте их для себя