အပိုင်း (၃)

15.7K 155 4
                                        

☕ မင်းက ကိုယ့်အပိုင် ☕ အပိုင်း (၃)
(🔞🚨 Warning  ပါ ...)

"ဘာလို့လဲ ကိုရှိုင်းကြိုက်လို့လား .. ."
"ဟင် မဟုတ်ပါဘူး "
သူကြိုက်လို့မှမရတာ ပိုင်ရှင်ရှိတယ်လေ သူနဲ့တွေ့တာ တကယ်နောက်ကျခဲ့တယ်လေ ...သူပထမဆုံးသဘောကျမိတဲ့ကောင်မလေးမှာ ပိုင်ရှင်နဲ့တဲ့ ...

"အဲ့တာဆို ဘာလို့မေးတာလဲ ..."
မျက်နှာလေးရှုံကာ ပြန်ပြောတော့ ...

"ဟင် ဒီ ဒီတိုင်းပဲလေ မြင်လို့မေးကြည့်တာပါ ..."
ရှိုင်းတစ်ယောက် သူခိုးလူမိသလို အလန့်တကြားပြန်ဖြေလိုက်သည် ...

"ဟွန်း ဟွန်း စကားတွေတောင် ထစ်လို့ မရိုးသားဘူးနော် ငါတို့အစ်ကို ..."
မျက်နှာလေးကို ပြီတီတီလေးလုပ်ကာ စပ်ဖြဲဖြဲနဲ့ ပြောလိုက်တော့ ...

"ဘာ ဘာကို မရိုးသားရမှာလဲ အငယ်မနော် ဘာတွေလျှောက်ပြောနေတာလဲ ကလေးက ကလေးလိုမနေဘူး ငါနင်ရည်းစားထားတာ မေမေတို့ကို တိုင်လိုက်ရမလား ..."
ခပ်တည်တည်နဲ့ ပြန်ပြောလိုပ်တော့မှ ...

"ဟွန့် နေပေါ့ ဒီက သူကြိုက်နေရင် အောင်သွယ်ပေးဖို့ဟာကို ..."
မျက်နှာလေး စူပုပ်ကာ ပြောလိုက်တော့ ...

"ဟမ် မလိုပါဘူး မလိုဘူး သူ့မှာကရည်းစားရှိတာကို ..."
ရုတ်တရတ် ပါးစပ်က လွှတ်ခနဲ ထွက်သွားတာကို မေဖြူက ကြားသွားပြီး ...

"ဟမ် ကိုရှိုင်း ဘာတွေပြောနေတာလဲ မိုးစက်မှာ ရည်းစားမရှိပါဘူး ..."
ဟုတ်ပါတယ် သူ့သူငယ်ချင်းလေးမှာ ရည်းစားမရှိတာ သူသိတာပေါ့ ဒါမယ့် သူ့အကိုက ဘာတွေ သိခဲ့ပြီး ရည်းစားရှိတယ် ပြောနေပါလိမ့် ...

"ဟမ် တကယ် တကယ် မရှိတာလား ..."
ရုတ်တရတ် ဝမ်းသာသွားကာ အလန့်တကြားမေးလိုက်တော့ ...

"အမလေး ဖြေးဖြေးမေးပါ လန့်လိုက်တာ ..."
သူ့အကိုရဲ့ အကဲပိုသွားပုံကြောင့် မေဖြူတမင်ပြောလိုက်ခြင်းဖြစ်သည် ...

"ဟင် တကယ် တကယ် မရှိတာလားလို့ ..."
မဖြေသေးတဲ့ သူ့ညီမမေဖြူကို စိတ်မရှည်ကာ ထပ်မေးလိုက်တော့ ...

"အင်း ဟုတ်တယ် မရှိဘူး ရည်းစားက မရှိတာကို မဟုတ်ဘူး ထားကို မထားဖူးတာ ဖြူ့သူငယ်ချင်းလေးက အင်နိုးစန့်လေး "

☕ မင်းက ကိုယ့်အပိုင် ☕Donde viven las historias. Descúbrelo ahora