☕ မင်းက ကိုယ့်အပိုင် ☕ အပိုင်း (၆)
(Warning 🚨⚠️)"မရဘူး ငယ်နားထောင်ရမယ် နောက်ပြီး မင်းဘယ်ကောင့်ကိုမှလဲ မချစ်ရဘူး မင်းက ကိုယ့်အပိုင်ပဲ ..."
"ဟင့်အင်း ဟင့် ဟင့် လွှတ်ပါတော့ "
"ကိုယ့်ကိုချစ်လား ..."
"ကိုယ့်ကိုချစ်လားလို့ ...ဟင်"
ငယ့် ပုခုံးလေးကို ကိုင်လှုပ်ကာမေးလိုက်တော့ ..."ဟင့်အင်း ဟင့်အင်း ကိုကိုဘာဖြစ်နေတာလဲ ငယ်တို့က ငယ်တို့က မောင်နှမတွေလေ ငယ်ငယ်တည်းက မောင်နှမလို နေ ..."
"မဖြစ်ချင်ဘူးလို့ ကိုယ်က မောင်နှမ ဖြစ်ချင်တာမဟုတ်ဘူးလို့ "
"အဟင့် ဟင့်"
ဖေဖေကလည်းအလုပ်က ပြန်မလာသေးသလို မေမေကလဲ ဒီနေ့မှ ဈေးဝယ်ထွက်နေသည် ဖြစ်သည် ...သူမ 9အခန်းထဲ လာမိတာကိုက အမှား ဒီနေ့မှ ကိုကိုကလဲ ဘာဖြစ်နေမှန်းမသိပေ ...သူအကိုတစ်ယောက်လို ချစ်ရတဲ့ ကိုကိုက သူမကို ချစ်သည်တဲ့ ညီမလေးတစ်ယောက်လိုမဟုတ်ပဲ မိန်းမတစ်ယောက်အနေနှင့် ချစ်သည်တဲ့ ..."ငယ် ငယ့်ကိုလွှတ်ပေးပါတော့နော် ...ငယ်ကြောက်လာပြီ"
ကြောက်တယ်တဲ့ ဒီကောင်မလေးက သူ့ကိုကြောက်တယ်တဲ့...
ဆွဲကိုင်ထားတဲ့ သူမရဲ့ လက်ကလေးကို ဖြည်းညှင်းစွာ လွှတ်ပေးလိုက်သည် ...သူလွှတ်ပေးလိုက်သည်နှင့်တပြိုင်နက် သူမလေးလဲ အခန်းထဲမှ အပြေးထွက်သွားကာ သူမအခန်းထဲဝင်ပြီး လော့ခ် ချလိုက်သည် ...
"ဟင့် အဟင့်"
အံ့ဩမှုနှင့် ဝမ်းနည်းမှုတို့ရောထွေးကာ သူမငိုနေမိသည် ..."ဟူး ဟာကွာ ...ခွပ် "
ဘေးက နံရံကို လက်သီးနဲ့ ပစ်ထိုးလိုက်လေသည် ..."ခွပ် ခွပ် ခွပ်..."
လက်ကနေ သွေးတွေ ထွက်လာသည်အထိ အဆက်မပြတ်ထိုးနေလိုက်လေသည် ...
...... ............"ကျွီ ..."
ခြံထဲသို့ ကားတစ်စီးဝင်လာကာ ...
"ဟယ် တိတ်လို့ ဆိတ်လို့ပါလား သားနဲ့သမီး ဘယ်သွားကြတာလဲ ...""အပေါ်မှာ နားနေကြတာနေမှာပေါ့ကွာ ..."
"အွန်း ဗိုက်ဆာကြပြီလားမသိဘူး ဟင်းတွေနွေးပြီး ထမင်းဝိုင်းပြင်လိုက်အုံးမယ် ..."

VOCÊ ESTÁ LENDO
☕ မင်းက ကိုယ့်အပိုင် ☕
Romance☕ မင်းက ကိုယ့်အပိုင် ☕ 🚨🔞 9(နိုင်း) 🖤🖤 ငယ်လေး...ငယ်လေးက ကိုယ့်ကိုအကိုတစ်ယောက်လိုပဲမြင်ပေမယ့် ... ကိုယ်ကတော့ အဲ့လိုမဖြစ်ချင်ဘူး ကိုယ်ငယ်လေးကိုချစ်တယ်...ငယ်လေး တခြားတစ်ယောက်ကိုချစ်နေတာကို ကိုယ်လုံးဝလက်မခံနိုင်ဘူး...ငယ်လေးက ကိုယ့်အပိုင်ပဲ ... မိုးစ...