အပိုင်း (၁၆)

11.3K 116 3
                                        

☕ မင်းက ကိုယ့်အပိုင် ☕ အပိုင်း (၁၆)

"ယောင်းမလေး ..."

"ဟင် ..."
ဖြူကလဲ အဲ့လိုပဲ ခေါ်နေကျမို့ သူမလဲဘာမှမပြောဖြစ်တော့ပါ ...

"ငါတို့ ဒီနေ့ အတန်းလစ်ရအောင် ..."

"ဟင် ဘာလို့လဲ ..."

"လုပ်ပါ လစ်ရအောင်နော် ..."

"မလစ်ချင်ပါဘူးဟာ တော်ကြာ ကို9က ငါ့ကိုမတွေ့ရင် ပြောနေလိမ့်မယ်ဟ ..."

"‌သူမလာခင်ပြန်လာမယ်လေဟာ ... နေ့တစ်ဝက်ပဲကို နင်ကလဲ နော် ...နော် "
သူမကို အတင်းအပူကပ်နေသော ဖြူကြောင့် သူမလဲ မငြင်းသာတော့ပဲ ခေါင်းငြိမ့်လိုက်ရသည် ...

"ဟေး ဒါမှ ငါတို့ယောင်းမလေးကွ ...မောင်ရေ သွားမယ်"
ဖြူက သူ့ကောင်လေး မိုးသောက်ယံကို ခေါ်ကာ သွားဖို့ပြင်လိုက်သည် ...

"‌မောင့် ကို ကားယူခဲ့ခိုင်းလိုက်တာ "

"ဟင် အဲ့ဒါဆို ဖြူကစီစဉ်ပြီးသားပေါ့ ..."

"ဟီး ဟုတ်တယ် "

"ဟင် အဲ့ဒါဆို မိုးစက်မလိုက်တော့ဘူးလေ ဖြူတို့အတွဲပဲလွတ်လွတ်လပ်လပ် သွားကြလေ ..."

"အာ မဟုတ်တာ တမင်မိုးစက်ကို ခေါ်ချင်လို့မှ ကားယူခဲ့ခိုင်းတာပါဆို... လာ တက်"
မိုးစက်ကို သူမအကိုက ဖွင့်ပြောမှာမို့ ဒီနေ့ မိုးစက်က အဓိကလေ ...

"အင်း ဒါနဲ့ ဘယ်သွားမှာလဲ ..."

"ဆိုင်မှာ VIP ခန်းယူထားတယ် "

"အော် ..."
မိုးစက်လဲ ဘာမှမမေးတော့ပဲ လိုက်ခဲ့လိုက်တော့သည် ...
...............

"ဟင် ကိုရှိုင်း "
သုမတို့ရောက်တော့ VIPခန်းလေးထဲမှာ ကိုရှိုင်းက ကြိုရောက်နေသည် ...
ထို့ပြင် အခန်းထဲမှာလဲ အလှဆင်ထားသေးသည် ...
ပွဲတစ်ခုခုများ ရှိသေတာလားပင် ...

ကိုရှိုင်းက မိုးစက်ကို သူ့ဘေးက ခုံလေးဆွဲပေးတာကြောင့် အဲ့မှာပဲ ဝင်ထိုင်လိုက်သည် ...

"ဒါနဲ့လေ တစ်ခုခုရှိလို့လား အခန်းမှာလဲ အလှတွေဆင်ထားတာ "

"အင်း ရှိတယ် ဒီနေ့ ကိုရှိုင်းက သူ့သဘောကျနေတဲ့ ကောင်မလေးကို ဖွင့်ပြောမလို့တဲ့ ..."
မိုးစက်အမေးကို ဖြူက အထာနှင့်ပြုံးကာ ဖြေလိုက်သည် ...

☕ မင်းက ကိုယ့်အပိုင် ☕Donde viven las historias. Descúbrelo ahora