☕ မင်းက ကိုယ့်အပိုင် ☕ အပိုင်း (၈)
(Warning 🚨⚠️)
"ရေ ရော သောက်အုံးမလား "
"တော် တော်ပြီ မသောက်တော့ဘူး "
"အွန်း "
9ရဲ့ ထူးဆန်းတဲ့ အပြုမူတွေကြောင့် မိုးစက်လဲ အံ့ဩနေရသည် ...
" ဟို ငယ် ဖြူတို့နဲ့ပဲ အတန်းထဲ သွားလိုက်တော့မယ် ကိုကိုလိုပ်မပို့တော့နဲ့နော် ..."
"အွန်း ငယ်လေး ဂရုစိုက်နော် "
"ဟုတ်"
သူမလေးနှင့် ဖြူတို့ထွက်သွားကြတော့ 9နဲ့ ရှိုင်းသာ ကျန်ရစ်ခဲ့တော့သည် ...
သူမလေး မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားသည်အထိ ကြည့်နေလိုက်သည် ...
ထို့နောက် ပြန်အလှည့် ရှိုင်းနဲ့မျက်နှာချင်းပြန်ဆိုင်မိကာ ...ရှိုင်းက 9ကို သူချစ်နေရတဲ့ေကာင်မေလး မိုးစက်ရဲ့ အကိုဖြစ်တာကြောင့် ပြုံးပြလိုက်လေသည် ...ဒါပေမယ့် 9ကတော့ ရှိုင်းနဲ့ ကွဲပြားစွာ မျက်ခုံးနှစ်ဖက်ကို တွန့်ချိုး၍ ပြန်ကြည့်ပြီး ထွက်လာခဲ့လိုက်သည် ...
ရှိုင်းကတော့ ကြောင်၍ကျန်နေခဲ့လေသည် ...
..........…….......
"ငယ်လေး "
"ဟင် "
"ကို့ကိုချစ်လား "
"အဟွတ် အဟွတ် "
သူမသောက်လက်စ ဖျော်ရည်လေးပင် သီးသွားရလေသည် ...
"ဟာ ငယ်လေး ရရဲ့လား "
သူမနောက်ကျောလေးကို ဖွဖွလေးထုပေးကာ ပေသွားတဲ့ နေရာလေးကိုတီရှူးနဲ့ လိုက်သုတ်ပေးလိုက်သည် ...
ထို့နောက် ဘာမှ မပြောပဲ ငြိမ်နေတဲ့သူမကြောင့် သူစကားပြန်စဘးလိုက်လေသည် ...
"ငယ်လေး ကိုယ်မေးတာဖြေအုံးလေ "
"ကိုကို ကိုကို ငယ့်ကို နောက်နေတာမလားဟင် "
"ဟင် ကိုယ်က ဘာလို့ငယ့်ကိုနောက်ရမှာလဲ ဒီမှာကိုယ်ပြောပြမယ် သေချာနားထောင် ကိုယ်ငယ့်ကိုဖွင့်ပြောတဲ့ကိစ္စကလဲ နောက်နေတာမဟုတ်သလို ကိုယ်ငယ့်ကို ချစ်တဲ့ အချစ်တွေကလည်း နောက်နေတာမဟုတ်ဘူး အကုန်လုံးက ကိုယ့်ရင်ထဲက အမှန်တရားတွေပဲ ..."
"ဒါပေမယ့် မိုးစက်က ကိုကို့ကို အစ်ကိုတစ်ယောက်လို ..."
"တော်တော့ ငယ်လေး ကိုယ်ကအကိုမဖြစ်ချင်ဘူး ကိုယ်လည်း ငယ်လေးကို ညီမတစ်ယောက်လို မတွေးနိုင်ဘူး ..."
YOU ARE READING
☕ မင်းက ကိုယ့်အပိုင် ☕
Romance☕ မင်းက ကိုယ့်အပိုင် ☕ 🚨🔞 9(နိုင်း) 🖤🖤 ငယ်လေး...ငယ်လေးက ကိုယ့်ကိုအကိုတစ်ယောက်လိုပဲမြင်ပေမယ့် ... ကိုယ်ကတော့ အဲ့လိုမဖြစ်ချင်ဘူး ကိုယ်ငယ်လေးကိုချစ်တယ်...ငယ်လေး တခြားတစ်ယောက်ကိုချစ်နေတာကို ကိုယ်လုံးဝလက်မခံနိုင်ဘူး...ငယ်လေးက ကိုယ့်အပိုင်ပဲ ... မိုးစ...
