Episode 5 [ Part 1 ]

2.9K 100 1
                                    

Episode 5

စျာန်လင်းခေတ် တစ်ယောက်ငိုတော့မယ့် မိမိကိုယ်ကိုထိန်းကာ အတန်းပြင်သို့ထွက်ခဲ့လေတော့သည်
လက်ကအနာကိုလဲဆေးထည့်ရမှာကြောင့်
ဆရာမရုံးခန်းပဲသွားရမလား မိမိသူငယ်ချင်းတွေဆီပဲသွားရမလား မသိတော့ပေ
ကော်ရိတ်တာ တောက်လျှောက် လျှောက်လာခဲ့ရင်း A ခန်းနားရောက်တော့ တွေ့လိုက်ရသည်က စိုပြေမင်းခန့်

သူကလဲ အတန်းပြင်ထွက်လာတာနဲ့ တိုက်ဆိုင်သွားခြင်းဖြစ်သည်

"ဟင် စျာန်"

"အင်း စို စိုပြေ"

စိုပြေမင်းခန့်မျက်လုံးတွေက စျာန်လင်းခေတ်၏ လက်ဆီသို့ အကြည့်များရောက်သွားကာ
လန့်သွားသည့်ပုံစံဖြင့် စျာန်ရဲ့လက်အား ဆွဲကိုင်လိုက်ကာ

"ဟာ စျာန် မင်းဘာဖြစ်လာတာလဲ"

စျာန်လင်းခေတ် အကြောင်းစုံကိုပြောပြရင်
ထိုလူတွေနဲ့ထပ်ပတ်သတ်ရမှာဆိုးတာရယ်
စိုပြေမင်းခန့် နဲ့လဲ ထပ်မပတ်သတ်ချင်တော့သည်ကြောင့်

"ငါ ချော်လဲရင်းဖြစ်သွားတာပါ ဘာမှ မဖြစ်ဘူး"

မိမိလက်အား ဆွဲကိုင်ထားတော့ စိုပြေမင်းခန့်ရဲ့ လက်တွေဆီမှ ရုန်းလိုက်ကာ

"မင်းသွေးတွေထွက်နေတယ်လေ လာ ဆရာမဆီသွားကြမယ် ဆေးထည့်ရအောင်"

ငြင်းချင်သော်လဲ တကယ်လဲဆေးထည့်ချင်သည်
သံနဲ့ခြစ်မိထားတာကြောင့် သံဆိပ်တတ်မှာလဲကြောက်သည်

"အေ အေး ငါနဲ့လိုက်ခဲ့ပေးပါနော်"

စိုပြေမင်းခန့်လဲ နူးညံ့စွာပြုံးလိုက်ကာ

"ရပါတယ် လာသွားရအောင်"

**********

"ငါသူ့ကိုနမ်းလိုက်တာကွာ မင်းတို့ကြားတဲ့အတိုင်းပဲ"

ရဲသွေးနဲ့ အားမာန်ရော ပြောစရာစကားများရပ်တန့်သွားသည်

မာန်ကတော့သူတို့ကိုကျောခိုင်းကာ

"အဲ့ကောင်လေးက ငါ့ကိုအေးဆေးလာတောင်းပန်တာ ငါကသူ့မျက်နှာကိုကြည့်ရင်း စိတ်မထိန်းနိုင်ပဲ အမှားလုပ်မိသွားတာကွာ ပြီးတော့သူငါ့ကိုထိုးတယ် မင်းတို့ရောက်လာတော့အဲ့တာနဲ့ ကွက်တိသွားကျတာကွ"

ZARN [SEASON 1] (Completed)Where stories live. Discover now