Episode 33
"မင်းမနေ့ညက အိမ်ပြန်မအိပ်ဘူးနော် မာန်"
မာန်ဝင့်ထည် တို့၃ယောက် ခြံထဲတွင် ထိုင်နေရင်း ရဲသွေးဘက်က မေးလာခြင်းဖြစ်သည်
"အေးလေ ပြီးတော့ မနက်ကျတော့လဲ အစောကြီးပြန်လာပြီး မင်းပါးပါးကြီး ဆီ သွားတယ်"
ရဲသွေးနှင့် အားမာန်မေးလာတော့ မာန်ဝင့်ထည် လဲ
"ငါ စျာန်လင်းခေတ် နဲ့ အတူနေပြီးသွားပြီ"
"ဘာ"
ရဲသွေးကတော့ မျက်နှာပျက်သွားပေမယ့် အားမာန်ကတော့ မျက်လုံးမျက်စံပြူးကျယ်ကာ မာန်ဝင့်ထည် အား လာကြည့်လေသည်
"အင်း ဟုတ်တယ် မနေ့ညက ငါ စစ်သူရနဲ့တွေ့တယ် ပြီးတော့ သူတို့နဲ့ ရန်ဖြစ်ပြီး စျာန်လင်းခေတ် ခြံရှေ့မှာ သွားထိုင်နေတာ
နောက်တော့ စျာန်လင်းခေတ် ကိုဖုန်းဆက်ခေါ်လိုက်တာ အဲ့နောက်ပိုင်း..."
"နေပါဦး မင်းနဲ့- သူနဲ့ က တွေ့တိုင်း သတ်နေကြတာ မဟုတ်ဘူးလားဟ ဘယ်လိုဖြစ်ပြီး"
အားမာန်က အထူးဆန်းကြီးလုပ်ကာ မေးနေပေမဲ့ ရဲသွေးကတော့ နှုတ်ဆိတ်နေလျက်
"အေးကွာ မနေ့က ငါလဲ စိတ်ရိုင်းတွေဝင်တော့ သူ့အပေါ် စိတ်မထိန်းနိုင်ဘူးဖြစ်သွားတယ်"
"ဒါဆို မင်းနဲ့ သူနဲ့က ဘယ်လိုတွေဆက်ဖြစ်မှာလဲ"
"ဘာဆက်ဖြစ်ရမှာလဲ ငါ့ကောင်ရ သူ့ကို တာဝန်ယူရမှာပေါ့"
မာန်ဝင့်ထည် စကားကြောင့် ရဲသွေးလဲ ဝင်ပြောလေတော့သည်
"မင်းက စျာန်လင်းခေတ် ကို တကယ်လက်ထပ်မှာပေါ့"
ရဲသွေးစကားအား မာန်ဝင့်ထည် ခေါင်းအသာညိမ့်ပြလိုက်ကာ
"ဒါပေါ့ သူ၁၀တန်းပြီးတာနဲ့ လက်ထပ်ဖို့တော့ ငါဆုံးဖြတ်ထားတယ် ပြီးတာနဲ့ ငါတို့ ၂ယောက် Australia သွားပြီး ကျောင်းတက်မလို့"
"အဲ့တာတော့အဲ့တာပေါ့ကွာ သူက မင်းနောက်လိုက်ခဲ့ပါ့မလားဟ"
ရဲသွေးစကားကြောင့် မာန်ဝင့်ထည် လဲ သက်ပြင်းတစ်ချက်ချကာ
YOU ARE READING
ZARN [SEASON 1] (Completed)
Romanceမာန်ဝင့်ထည် + စျာန်လင်းခေတ် Warning - Male pregnant Fic 🔞🔞 Season 2 က သာသာ့ Stories ထဲမှာ "Zarn" ဆိုတဲ့ နာမည်လေးနဲ့ တင်ထားပါတယ်နော် ဤFic တွင်ပါဝင်သော အကြောင်းရာများသည် စာရေးသူ၏ စိတ်ကူးသာဖြစ်သည်..မည်သူမည်ဝါ ကိုမှ ထိခိုက်လိုစိတ်မရှိပါ