Episdoe 18 Part 1

2.1K 77 10
                                    

Episode 18

မာန်ဝင့်ထည် နေ့ခင်းကကိစ္စကိုလုံးဝ မကျေနပ်နိုင်သေးပါ ဒီကောင်က ဒီလောက် သူ့ဘက်ကလိုက်ပေးနေသေးတာကို ချစ်ရတဲ့သူက ဟိုကောင့်ရှေ့က ပိတ်တောင်ရပ်လိုက်သေးသည်

စိတ်မကြည် ချက်က လက်ထဲက ခဲတံလေးကတော့ ဓားစာခံဖြစ်သွားရှာသည် လက်မနှင့် တွန်းဖိလိုက်တာ ခဲတံမှာ နှစ်ခြမ်းကျိုးသွားတာကြောင့် ဘေးနာက အားမာန်က လန့်ကာ မေးလာသည်

"ဟျောင့် မာန် ဘာဖြစ်နေတာလဲ"

"......."

မာန်ဝင့်ထည် အကြည့်များက ရှေ့က လည်ဂုတ်ဖွေးဖွေး လေးဆီမှာ

ရဲသွေးကတော့ တချက်ကြည့်လိုက်ပြီး အကြောင်းသိနေတာမို့ ဆရာမ ပြောတာပဲနားထောင်နေသည်

ဒါပြီးရင် နောက်ဆုံးအချိန်က စာရိတ္တ အချိန်ဆိုတာအတန်းပိုင်ဆရာမ ပဲလာဖို့ကသေချာသည်
စာမသင်ပဲ အတန်းငြိမ်အောင်ထားသည် က များသည်မို့ ခုနက စိတ်မကြည်တာတွေကိုဖြေဖျောက်ဖို့ ခုံမှ ထကာ ရှေ့တန်းက စျာန်လင်းခေတ် လက်ကိုဆွဲကာ

"ငါနဲ့စကားပြောရအောင်"

စာအုပ်သိမ်းနေသော စျာန်လင်းခေတ် လဲ ရုတ်တရက် မိမိလက်အဆွဲခံရသောကြောင့်
မာန်ဝင့်ထည် အား ကြောင်ကာကြည့်နေမိသည်

"ငါပြောတာကြားလား!! နားပင်းနေလား!"

မာန်ဝင့်ထည် လေသံကနည်းနည်းမာလာတာကြောင့် ဘေးနားက မင်းချစ်သူ ကဝင်ပြောတော့သည်

"နေပါဦး ခဗျားနဲ့ဘာရန်ငြိုးရှိလို့ ဒီလိုလေသံနဲ့လာခေါ်နေတာလဲ"

"ငါမင်းကိုမပြောဘူး အေးဆေးနေ!"

"ဘာ ဒီလူကတော့...."

စျာန်လင်းခေတ် လဲ မာန်ဝင့်ထည် ရဲ့လက်မှ မိမိလက်ကိုရုန်းလိုက်ရင်း ထိုင်နေရာမှ ထလိုက်ကာ

"ရှေ့ကသွား လိုက်ခဲ့မယ်"

ကော်ရိတ်တာ တစ်လျှောက် ရှေ့က ကျောပြင်ကျယ် နှင့် လူကြီးသည် မိမိကိုတစ်ချက်တောင်မရှိ ခပ်သွက်သွက်ဖြင့်လျှောက်နေသည် စျာန်လင်းခေတ်  ထုံးစံတိုင်း သူသွားတဲ့နေရာကိုသိတာမို့ စိတ်ထဲ ဘာတွေဆက်ဖြစ်မလဲဆိုတာပဲ စိတ်လေးနေရတော့သည်

ZARN [SEASON 1] (Completed)Where stories live. Discover now