Episode 27 🔞🔞🔞🔞

7.5K 97 6
                                    

Episode 27

"ဒီနေ့ညနေ ကိုအားမာန် မွေးနေ့ပွဲဆို"

မိမိအားမေးလားသော အောင်သူရိန်ခန့်ရဲ့ စကားကြောင့်

"မဟုတ်ပါဘူး ဒီ့ကောင်မွေးနေ့က ပြီးတာဖြင့် ကြာနေပြီ"

ရဲသွေးရဲ့ အဖြေကိုကြားတော့ အောင်သူရိန်ခန့်လဲ ကြောင်သွားကာ

"ဟုတ်ပါ့မလား ခုနက အောင်စိုးပိုင် က ဒီနေ့ သူတို့တွေ အကိုတို့အိမ်ကို လာမယ်ဆိုပြီးပြောနေတာ အဲ့တာကျွန်တော့်ကိုပါခေါ်နေလို့"

အောင်သူရိန်ခန့် ရဲ့စကားကြားတော့ ရဲသွေးလဲ တစ်ခုခုကို သဘောပေါက်သွားဟန်ဖြင့်

"Aww အဲ့တာဆို အားမာန် နဲ့ သူ့ကောင်လေးနဲ့ တစ်ခုခုကြံတာပဲနေမယ် အိမ်မှာ အန်တီလေးတို့ လင်မယားက မန္တလေးကို အရေးကြီးကိစ္စ နဲ့ တစ်ပတ် လောက်သွားတာဆိုတော့ သူတို့နှစ်ယောက် တွေ့နိုင်ဖို့ ဖန်တာထင်တယ် ဟက်"

ရယ်ကာပြောလာသော ရဲသွေးအား
အောင်သူရိန်ခန့်လဲ သဘောကျ ကာ ကြည့်နေမိကာ

"ခဗျား အခုနောက်ပိုင်း အရမ်းတွေ ပြုံးလာတယ်နော်"

"ဟင် ဘာလို့တုန်း "

"ဟုတ်တယ်လေ ခဗျားကို စတွေ့တုန်းကဆို ခဗျားက မျက်နှာတည်ကြီးနဲ့ပဲ နေနေတာများတာလေ ဘာလဲ အခုနောက်ပိုင်း ပျော်ရွှင်စရာတွေတွေ့နေတာလား ကောင်မလေးပဲဖြစ်ဖြစ် ရတာတို့ဘာတို့ပေါ့"

နှခမ်းစူကာ ပြောလာသော အောင်သူရိန်ခန့်အား ကြည့်ကာ ရဲသွေးလဲ ရယ်လိုက်မိသည်

"ဟား မင်းကတော့လေ ပြောတတ်တယ်....
အခုတောင် မင်းက ငါ့ဘေးနား နေနေတာ အခြားထက် ငါ့ကို စားချင်တာမလား"

အောင်သူရိန်ခန့်လဲ ရဲသွေးစကားကြောင့် ရဲသွေးမျက်နှာအား စိုက်ကြည့်နေမိလေသည်

"ဘာတွေ ကြည့်နေတာလဲ အဲ့လောက်ကြီး...
တနေ့တနေ့ နည်းနည်းပဲ ကြည့်ပါကွာ တော်ကြာ ငါ့ကိုရိုးသွားမှာ စိုးရတယ် ဟက်"

သူ့ဗိုက်ကို ကိုင်ကာ ကိုယ့်ဟာကို ပြန်ရယ်နေသော ရဲသွေးကြောင့် အောင်သူရိန်ခန့်လဲ အသည်းယားလာကာ ရဲသွေးလက်အားဆွဲလိုက်ကာ

ZARN [SEASON 1] (Completed)Where stories live. Discover now