Episode 16

2.3K 89 16
                                    

Episode 16

မာန်ဝင့်ထည် မနေ့ကဖြစ်ခဲ့တဲ့အဖြစ်ပျက်များကို
မေ့လိုက်သည်
မနေ့က လမ်းဘေးတွင်ဖြတ် ပြေးလာသော ခွေးတစ်ကောင်ကို တိုက်မိမှာစိုး၍ ဘေးသို့ဆိုင်ကယ်ကိုဆွဲချလိုက်တာကြောင့်
နည်းနည်းပွန်းသွားတာက လွဲရင် အကုန်အဆင်ပြေပါသည်
လောလောဆယ် စိတ်ထဲတွင် တစ်စုံတစ်ယောက်အား နာကျည်းချက်များစွာဖြင့်ထိုးနှက်ဖို့သာ ကြံရတော့မည်

ဒီရက်ပိုင်း သူ့ကိုယ်သူပြောင်းလဲလာတာ မူမမှန်တာ ဘေးနားက ရဲသွေးတို့ရိပ်မိပေမယ့် ကိုယ့်ကိုယ်ကိုယ် တော့မသိသေးပါ

မနေ့က ရဲသွေးက သူရှိရာနေရာသို့ လာခေါ်လို့သာ  မဟုတ်ရင် သူ့စိတ်ခံစားချက်တွေ့ပြန့်လွင့်နေတာနှင့်မောင်းရင် အက်စီးဒင့် တစ်ခုခုတော့ဖြစ်မှာကျိန်းသေသည်

စိတ်ထဲတွင် နာကျည်းမိသူက ချစ်ရသူကိုပါ
ပိုချစ်လေ ပိုနာကျင်လေ ဆိုသော စကားသည် အလကားမဟုတ်
တစ်ဖက်ဖြစ်နေရတဲ့အချစ်ကို တဖြည်းဖြည်းနှင့်အဆုံးသတ်ရတော့မည်
လောလောဆယ် စိတ်ထဲတွင် တော့
ရှေ့ကကောင်လေး၃ယောက် ထဲက အချိုးမပြေသောစကားများကို စ ကြားနေရသည်

"အန်တီကြီးက အကြော်မရောင်းတော့ဘူးတဲ့ ဒီနေ့က စပြီး"

"ဘာ "

ဆီမသန့်သည့်အကြော်တွေကြောင့်  မစားစေချင်ပေမဲ့ ကိုယ်က သူနဲ့ဘာမှသက်ဆိုင်တဲ့သူ မဟုတ်ပါလား ကိုယ့်နေရာတော့ကိုသိရမယ်
ဒါပေမယ့် မင်းကိုကျန်းမာရေးထိခိုက်အောင် နာကျင်အောင်လုပ်တဲ့ဘယ်သူ့ကိုဆိုငါခွင့်မလွှတ်ဘူး

********

"ဆံပင်မွှေးတွေကိုကြည့်ပါဦး အန်တီ"

ရဲသွေးရဲ့စကားကြောင့် ကျောင်းဝန်းက အကြော်သည် အဒေါ်ကြီးမှာ ပဲကပ်ကြော်အတွင်းကပ်ပါလာသော ဆံပင်ချည်မျှင်အား ကြည့်လိုက်ကာ

"အမလေး အကြော်ပဲလေ လမ်းဘေးစားပဲ တစ်ခုတစ်လေတော့ပါမှာပေါ့ အဖြစ်သည်းနေလိုက်တာ"

အဒေါ်ကြီးပြောပုံက အချိုးမပြေတာကြောင့်
မာန်ဝင့်ထည် မျက်မှောင်ကြုတ်ကာ

"အော် ဒါဆို ကျွန်တော်တို့ကို ဒီဆံပင်မွှေးပါတာတောင် စားလို့ပြောချင်တာလား ခဗျား အချဥ်ရည်တွေကို ပြန်ပြန်သုံးတာလဲ ကျွန်တော်သိတယ်နော်"

ZARN [SEASON 1] (Completed)Where stories live. Discover now