Episdoe 47

1.5K 50 4
                                    

Episode 47

ရဲသွေးနဲ့ အောင်သူရိန်ခန့် နှစ်ယောက်သား ကားတစ်စီးလေးထဲတွင် ဘာစကားမှ မပြောပဲ တစ်ယောက် နဲ့ တစ်ယောက် နှုတ်ဆိတ်နေကြလေသည်

လောလောဆယ် ဖွင့်ထားတဲ့ သီချင်းက ဖိုးကာရဲ့ တိုးတိုးလေးပြောပါ သီချင်းလေးပင်

ရဲသွေးကတော့ ကားကိုသာဆက်မောင်းနေပေမဲ့ အောင်သူရိန်ခန့် ကတော့ စောဏကနှင့်မတူ ငြိမ်သက်နေဆဲ

ကြည့်လက်စဖုန်းလေးကိုသာ ဆက်ကြည့်နေရင်း စျာန်လင်းခေတ်တို့အတွဲ Relationship ချိတ်ထားတာမြင်တော့ သဘောကျကာ ပြုံးမိသွားလေသည်

ရဲသွေးကတော့ မျက်ထောင့်ကနေမြင်လာသည်နှင့်တူပါသည် မိမိဘက်အားကြည့်လာကာ

"ဘာတွေပြုံးနေတာလဲ"

ရုတ်တရက် သူ့ဘက်က စလာသည့်မေးခွန်းကြောင့် အောင်သူရိန်ခန့် လဲ အနည်းငယ်တော့နေရခက်သွားလေကာ

"ဘာမှ မဟုတ်ပါဘူး ဒီတိုင်းပဲ ဟာသ တွေ့လို့"

"အင်း"

ထိုယောကျ်ား ဆီက ပြတ်သားတဲ့ အင်း ဆိုတဲ့ တစ်လုံးတည်းသော စကားကြောင့် အောင်သူရိန်ခန့် လဲ နည်းနည်းတော့ စိတ်တိုမိလေသည်

"အိပ်ချင်ရင်အိပ်လေ ကိုယ် သီချင်းတိုးပေးမယ် ခုဏက နည်းနည်းသောက်ထားတယ်မလား"

"မလိုပါဘူး ဒီလောက်ကတော့"

ဘုကလန့်အထှာနှင့်ပြောလာသော အောင်သူရိန်ခန့် အား ရဲသွေးတစ်ချက်ကြည့်လာကာ

"သေချာလို့လား မသိဘူးလေ မင်းကိုကြည့်ရတာ ထူးဆန်းနေလို့"

နှခမ်းတစ်ဖက်အားကွေးကာပြောလာသော ထိုယောကျ်ား ကြောင့် အောင်သူရိန်ခန့် လဲ စိတ်မကြည်ခြင်းများ ပိုပိုတိုးလာလေသည်

"ခဗျား အဲ့လို မရယ်နဲ့ ကျွန်တော်မကြိုက်ဘူး!"

အောင်သူရိန်ခန့် မှာ အသံလေးနိမ့်ကာ ဝမ်းနည်းသည့်အသံဖြင့်ပြောလာတာကြောင့် ရဲသွေးလဲ မျက်နှာအနည်းငယ်ပျက်သွားသော်လဲ ဟန်မပျက်ပြန်ထိန်းလိုက်ကာ

"ကိုယ်ရယ်တဲ့ထဲမှာ မင်းကို ဒေါသထွက်စေတဲ့အရာဘာများပါလို့လဲ သူရိန်"

ZARN [SEASON 1] (Completed)Where stories live. Discover now