Episode 60 (Part 3 ဇာတ်သိမ်းပိုင်း)

5.6K 67 35
                                    

"မြ မြ ထပါဦး ဘာဖြစ်တာလဲ.."

ဘေးနားက ယောကျားဖြစ်သူ ဦးနေလင်းခေတ်၏ လှုပ်နှိုးသံကြောင့် ဒေါ်ခင်မြရီ ယောင်နေရင်းမှ ကမူးရှူးထိုး ထလာကာ

"သား...သားလေးရော..."

"သားလေးက ဘာဖြစ်လို့လဲ မြ"

"......."
ဦးနေလင်းခေတ် ဒေါ်ခင်မြရီ ၏ နဖူးတွင်လဲ ချွေးများစိုရွှဲနေသည်မို့ ဦးနေလင်းခေတ် လဲ အိမ်မက်ဆိုးမက်သည် ဆိုတာကို သိသွားတာကြောင့်

"မြ အိမ်မက်ဆိုးမက်နေတယ်ထင်တယ် ခဏလေး ကိုယ်ရေသွားခပ်ခဲ့မယ်"

ဦးနေလင်းခေတ် ထွက်သွားတော့ ဒေါ်ခင်မြရီ သားဖြစ်သူ စျာန်လင်းခေတ် ရဲ့အခန်းသို့ သွားကြည့်မိလေသည်

အခန်းထဲက ကုတင်ပေါ်တွင် ဖက်လုံးလေးအား ဖက်ကာ သားဖြစ်သူက နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကို မြင်လိုက်ရမှ သက်ပြင်းချ မိကာ စိတ်ကျေနပ်သွားတော့သည်

နေ့ခင်းက မိဘနှစ်ပါးအား သားဖြစ်သူနှင့် မာန်ဝင့်ထည် အကြောင်းအား အသိပေးလိုက်တော့ မိဘနှစ်ယောက်လုံးအနေနဲ့ သဘောမတူချင်သော်လဲ မြစ်ကလေးရှိသည်ဆိုတဲ့ စကားကြောင့်သာ လက်ခံလိုက်ရလေသည်

ညနေကတည်းက မိဘနှစ်ပါးလုံး မော်လမြိုင် သို့ပြန်သွားပြီး နောက်တစ်ပတ်အတွင်း ကလေးနှစ်ယောက်အား နေရာချဖို့ စီစဥ်ဖို့ တက်လာမည်ဖြစ်တာကြောင့် ဒီကြားထဲ ဘာမှ မဖြစ်ဖို့ပဲ ဆုတောင်းရပေတော့မည်

********

တစ်ဖက်က စံအိမ်တော်ကြီးရဲ့ ဧည့်ခန်းတွင် လူတစ်ဦးမှာ ခြေထောက်များအား ရှေ့က စားပွဲပေါ်တွင် တင်ထားကာ လက်ထဲက ဖုန်းထဲက ပုံအား စီးကရက်ဖွာ၍ ကြည့်နေသော အသက် ၂၅ အရွယ် အမျိုးသား တစ်ဦး

အသားရည်မှာ ညိုစွတ်စွတ် ဘက်သို့သွားကာ နက်မှောင်နေသော ဆံပင်နှင့် မျက်ခုံး မျက်လုံးအား ပိုင်ဆိုင်ထားသော သူ

"ဒီ ကောင်လေးက ဦးသီဟဝင့်ထည် ရဲ့ သားမက်လေးပေါ့..?"

"ဟုတ်ပါတယ် ဒါနဲ့...ဘာလို့ သူ့အကြောင်းကို စုံစမ်းချင်ရတာလဲ JADE"

ထိုအခါ Jade မှာ မတ်တပ်ထရပ်လိုက်ကာ Night Dress ဝတ်ရုံအား ချွတ်လိုက်တော့ အတွင်းခံဘောင်းဘီ တစ်ခုသာ ကိုယ်နှင့်ကပ်၍ ကျန်ခဲ့တော့လေသည်

ZARN [SEASON 1] (Completed)Where stories live. Discover now