Episode 30 Part 1

2.3K 77 13
                                    

Episode 30

"စျာန်"

စိုပြေမင်းခန့် ဘေးနားကနေခေါ်နေသော်လဲ စျာန်လင်းခေတ် မကြား ခေါင်းထဲမှာ နေ့ခင်းက ကိစ္စ တွေကိုသာ ပြန်မြင်ယောင်နေမိကာ

"စျာန်!!"

စိုပြေမင်းခန့် နည်းနည်း လေသံကျယ်သွားမှ သတိဝင်လာကာ

"အင်း စိုပြေ ပြောလေ"

"မင်းကကွာ ဘာတွေတွေးနေတာလဲ မင်းဘေးနား ငါတစ်ယောက်လုံးရှိနေတာကို"

"အာ မဟုတ်ပါဘူး ဟို ဟို ငါ Milo Chocolate လေးသွားသောက်ရင် ကောင်းမလားစဥ်းစားနေတာ"

"ဝါး ကောင်းတာပဲ ငါတို့ First Date လေးကို မင်းက အတော်စဥ်းစားတတ်တာပဲကွာ ငါကလဲ မနက်ဖြန် ကျူရှင်ဆင်းရင် မင်းနဲ့ ပန်းတစ်ပွင့်တောင် သွားမလားလို့"

ပန်းတစ်ပွင့်တောင်မှာ မိမိတို့နေတဲ့နေရာနှင့် သွားရရင် ဆိုင်ကယ်အားဖြင့်ဆို အနည်းဆုံး ၂နာရီ လောက်နီးပါး မောင်းရသည်

"မင်းကလဲ အဝေးကြီးပဲ အန္တရာယ် များတဲ့ဟာကို"

"ငါမင်း ငြင်းမယ် ဆိုတာ သိပြီးသား ကဲ ငါတင်နင်းလို့ရပြီလား"

စိုပြေမင်းခန့် ဒီနေ့ တမင်ဆိုင်ကယ်မယူလာတာပါ အဓိကက စျာန်လင်းခေတ် ဆိုသော လူသားလေးနှင့် အတူရှိနေသော အချိန်များသည် မိမိအတွက် တန်ဖိုးရှိလှတာကြောင့် ၁၀မိနစ်ရရင် ၁၀မိနစ် ၅မိနစ် ရရင် ၅မိနစ် ဖြင့်ဖြင့် ဆွဲထားချင်မိသည်

******

"အပိုင်လား အပိုင် ဘာတွေလုပ်နေတာလဲကွာ စိတ်ပူလိုက်ရတာ"

အားမာန်တစ်ယောက် တစ်ဖက် က ကောင်လေးဖုန်းပြန်ခေါ်လာတာကြောင့် ဖုန်းကို ချက်ချင်းကိုင်လိုက်ကာ ပြောနေခြင်းဖြစ်သည်

"ပါးပါး အီး ဟီး"

တစ်ဖက်က အောင်စိုးပိုင် က ဖုန်းပြောနေရင်း စတင် ငိုလာတာကြောင့် အားမာန်တစ်ယောက် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကာ

"ဘာလို့ ငိုနေတာလဲ ကွာ ပါးပါးကို ပြောလေ"

"ဖေကြီး သိသွားပြီ ကျွန်တော်တို့နှစ်ယောက် အကြောင်းကို ဟင့်"

ZARN [SEASON 1] (Completed)Where stories live. Discover now