Episode 59

2.1K 37 0
                                    

ဦးသီဟဝင့်ထည် ဒီနှစ် ၂၀အတွင်း ဒီလိုအခြေနေရောက်လာတာ ဒီ H.W လုပ်ငန်းစုကြောင့်ပဲ မဟုတ်ပေ

အမှောင်ဘက်တွင် ငွေမဲ များဝင်သလို မူးယစ်‌ဆေးဝါး နှင့် လက်နက်များမှောင်လို လုပ်သေးသည့်အပြင် နှစ်ဦးသဘောတူ လူကုန်ကူးသည့် လုပ်ငန်းကိုလဲ H.W လုပ်ငန်းစုကြီးရဲ့ နောက်ကွယ်မှာလုပ်ကိုင်လျက်ရှိနေခြင်းဖြစ်သည်

လူသတ်တယ်ဆိုသည်မှာ မိမိဘဝတွင် စီးကရက်သောက်ရန် မီးညှိသလောက်ပင်ကို မခက်ပေ

ငွေမဲ ပေါ် ငွေဖြူဖုံးတယ် ဆိုသော စကားပုံလိုပဲ H.W နှင့် အခြားလုပ်ငန်းများရဲ့ နောက်ကွယ်တွင် ထိုအရာများရှိနေသည်အား မည်သူမျှမသိပေ

ယခု မိမိအသက်ရွယ်မှာ မြေးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အချိန်ကိုပဲ ကုန်ဆုံးရသည့်ကိုပဲ လိုချင်မိတာ အမှန်ပင်

စျာန်လင်းခေတ် တွင် မိမိ မြေးရှိသည်ဆိုသော အသိစိတ်သည် မိမိရဲ့ စိတ်တွေအားလုံးကိုပြောင်းလဲ စေနိုင်လောက်အောင် စိတ်ကူးပြောင်းစေလေသည်

သားဖြစ်သူ မာန်ဝင့်ထည် အား Nelson ဆိုသော နာမည်နှင့် ဒီလုပ်ငန်းစုတွေအား အကုန်လွှဲပြောင်းပြီးတာနှင့် မိိမိဘဝအား အေးချမ်းသွာ နေတော့မည်ဟု စိတ်ပိုင်းဖြတ်ကာ ဆုံးဖြတ်ထားခြင်းဖြစ်လေသည်

ယခုဖြစ်ခဲ့သည့်ကိစ္စသည် အရောင်းဝယ်ကိစ္စ အငြင်းပွားရာမှ လက်အောက်ငယ်သား
အချင်းချင်း တစ်ဖက်နဲ့ တစ်ဖက် လက်လွန်သွားကာ တစ်ဖက်က Jade ရဲ့ လူယုံတော်အား မိမိလူက လက်လွန်မိခြင်းဖြစ်လေသည်

Jade ဆိုသည်မှာလဲ မိမိအား နောက်ကွယ်ကနေ ဖြုတ်ချ ဖို့ ကြံစည်နေသူဖြစ်လေသည်

မိမိရဲ့ အပြင် ဘဝကို ပါ လိုက်စုံစမ်းပြီး ယခု ပုံစံမှာ မိမိရဲ့ သားမက်နှင့် မြေးထိကိုပါ ဒုက္ခလာပေးမှာကို မလိုလားပေ

လဲကျနေသော မိမိအား လူယုံတော် Blade မှာ ပွေ့ချီလာပြီး ကားပေါ်ကိုတင်ခေါ်သွားတာကို မိမိ မျက်လုံးထဲတွင် ဝေဝေဝါးဝါးသာမြင်လိုက်ရချိန်နှင့်အတူ ထိုကားအနောက်ခန်းက ဆိုဖာပေါ်တွင်သာ သတိမေ့သွားလေတော့သည်

ZARN [SEASON 1] (Completed)Where stories live. Discover now