Episode 57

1.6K 45 0
                                    

"ရပြီး ဒီမှာပဲဆင်းတော့မယ်"

စျာန်လင်းခေတ် မှာ ကျူရှင်နားမှာ ဆိုင်ကယ်ကို မရပ်ခိုင်းပဲ အကွာဝေးအနည်းငယ်တွင် ရပ်ခိုင်းတာကြောင့် မာန်ဝင့်ထည် လဲကြောင်သွားမိသည်

"ဘာလို့လဲ ငယ် ကျူရှင် နားတောင်ရောက်နေပြီကို ရှေ့မှာပဲ ဆင်းလေ"

အနောက်ဘက်ကနေ မိမိအင်္ကျီစအား တင်းအောင်ဆွဲထားတာကြောင့် ဒီကောင်လေးဘာဖြစ်လို့ဖြစ်မှန်းမသိဟု မာန်ဝင့်ထည် စိတ်တော့ခုမိသွားပေမဲ့ ထုတ်မပြော

"ကဲ ဟုတ်ပါပြီ ဒီမှာပဲ ဆင်းတော့ ဟုတ်ပြီလား"

ထို့နောက် စျာန်လင်းခေတ် လဲ ဆင်းလာကာ မာန်ဝင့်ထည်အား သွားများပေါ်သည်အထိ ပြုံးပြလိုက်ကာ

"ဟုတ် တာ့တာနော် ဂရုစိုက်ပြန်.."

မာန်ဝင့်ထည် နှခမ်းတစ်ဖက်အား ကွေးအောင် ပြုံးလိုက်ကာ ချစ်သူလေးရဲ့ အနွေးထည် အင်္ကျီအား သေချာ ပြင်ပေးလိုက်ကာ

"ချစ်တယ် ငယ် ....

Ah ဒါနဲ့ နေ့ခင်းကျ ဆေးခန်းသွားပြရမယ်နော် ကိုယ်တို့အခုထိ ကလေးအခြေနေဘာမှ မသိသေးဘူးလေ..."

မာန်ဝင့်ထည် ရဲ့ စကားကြောင့် ခုဏက ပြုံးရွှင်နေသော စျာန်လင်းခေတ် ရဲ့ မျက်နှာလေးမှာ ချက်ချင်းပင် ညိုးသွားလေသည်

မာန်ဝင့်ထည် ချစ်ရသူလေးရဲ့ ပါးလေးအား မိမိလက်ဖမိုးတစ် ဖက်ဖြင့် အုပ်မိုးကာ ကိုင်လိုက်ပြီး ပါးမို့မို့လေးအား လက်မဖြင့်ပွတ်သတ်လိုက်လေသည်

ထို့နောက် တစ်ခုခုအား သတိရသွားဟန်ဖြင့်

"Ah... ဒါနဲ့ လက်စွပ် ..?"

မာန်ဝင့်ထည် စကားကြားတာနှင့်အတူ စျာန်လင်းခေတ်  ညာဘက်လက်မှ လက်သူကြွယ် လေးအား ထောင်ပြလိုက်ကာ

"ဒီမှာပါ ... နေ့ခင်းလာကြိုမယ်မလားဟင်..?"

"ကြိုမှာပေါ့ ခုချိန်ကစပြီး ကိုယ်က ငယ့်အနား ပတ်ကျိတွေလို တွယ်ကပ်နေတော့မှာ"

မျက်စိတစ်ဖက်ကို မှိတ်ကာ ပြောလိုက်သော ထိုယောကျာ်း  မှာ စျာန်လင်းခေတ် ရဲ့ မျက်လုံးထဲတွင် အလွန်ပင် ဆွဲဆောင် မှု ရှိလွန်းလှသည်

ZARN [SEASON 1] (Completed)Where stories live. Discover now