Episode 43

2K 52 0
                                    

Episdoe 43

" ခွေးကျင့်ခွေးကြံကြံ ဖို့ကတော့ အသင့်ပဲနော် ဇိုင်းသီဟရှိန်"

မာန်ဝင့်ထည် ရဲ့ စကားကြောင့် ဇိုင်းသီဟရှိန်  အသံထွက်အောင် ရယ်မိလိုက်ကာ

"ဟား ငါဘာမှတောင်မလုပ်ရသေးပါဘူး မာန်ဝင့်ထည် ဘာတွေပြိုလဲနေတာလဲ"

မာန်ဝင့်ထည် ရှေ့သို့နှစ်လှမ်းတိုးကာ ဇိုင်းသီဟရှိန် ရဲ့ အင်္ကျီ ကော်လံစ အား ဆောင့်ဆွဲလိုက်၍

"မင်းကော မင်းညီမဇူလိုင်မိုး လို မြေကြီးထဲဝင်သွားချင်တာလား ဟမ်"

"ငါ့ညီမ နာမည့်ကို မင်းပါးစပ်က ထွက်စရာကိုမလိုတာ ခွေးကောင် မာန်ဝင့်ထည် "

"နေပါဦး မင်းက မင်းညီမကို ငါသတ်တယ်ထင်ရအောင် ဘာသတ်သေနဲ့လဲ ဟမ် 

ပြောစမ်းပါဦး မင်းညီမနဲ့ စစ်သူရဆိုတဲ့ကောင်နဲ့ ခိုးပြေးတာ သူတို့ဘာသာ လမ်းမှာ အက်စီးဒင့် ဖြစ်တာ ငါနဲ့ဘာဆိုင်လဲ"

ထိုအခါ ဇိုင်းသီဟရှိန် မှာ မာန်ဝင့်ထည် ရဲ့ အင်္ကျီ ကော်လံအားပြန်ဆောင့်ဆွဲလိုက်ကာ

"တိုက်သွားတာ မင်းပထွေး ဦးသီဟဝင့်ထည် ရဲ့ကားလေ နွားရဲ့ ပြီးတော့ မင်းအဖေကိုယ်တိုင် ငါ့အမေဆီ လာဝန်ခံတာ လေ ငွေကိုသုံးပြီး စစ်သူရ ကိုအပြစ်ပုံချသွားတာ မဟုတ်ဘူးလား ဟမ်!!"

ထိုစကားကြောင့် မာန်ဝင့်ထည်  နှခမ်းထောင့်ကွေးအောင် ရယ်လိုက်ကာ

"တော်သားပဲ ဇိုင်းသီဟရှိန်  မင်းဒီလောက် ညာဏ်ကောင်းမယ်လို့ ငါမထင်မိထားဘူး ဟက်

အဲ့တာနဲ့ မင်းက ငါလို့ထင်တယ်ပေါ့ ငါ့အဖေလို့ ဘာလို့မထင်တာလဲ ဟမ်

ငါ့အဖေ Sဆံတွေ နဲ့ လာပေးတုန်းက xင်ကြီးကုန်းမတတ် ယူတာ မင်းအမေ ဆိုတဲ့ မိန်းမလေ မဟုတ်ဘူးလား

ငါတို့ပေးတဲ့ ပိုက်ဆံတွေကြောင့် မင်းအခုလို လူမွှေးသူမွှေးပြောင်လာတာပါကွာ

ခုမှ ကျွေးဖူးတဲ့ လက်ပြန်မကိုက်ချင်နဲ့"

မာန်ဝင့်ထည် ရဲ့ စကားလုံးတွေ က ဇိုင်းသီဟရှိန် မှတ်ညဏ် တစ်ခုလုံးအား ပြန်ပြန်အစဖော်လာလေသည်

ZARN [SEASON 1] (Completed)Where stories live. Discover now