Episdoe 30 Part 2

2.2K 69 6
                                    


"ကျွန်တော့်ကို စိတ်ပူလို့ ပေါ့လေ အိမ်ထိတောင်လာတယ်ဆိုတော့"

ရဲသွေး အောင်သူရိန်ခန့် လမ်းထိပ်တွင် ရောက်နေ ကာ အောင်သူရိန်ခန့်ကို ဖုန်းဆက်ခေါ် လိုက်ခြင်းကြောင့် သူရိန်တစ်ယောက်ဒီကိုရောက်လာခြင်းဖြစ်သည်

"ပူတာထက် အဆင်ပြေရဲ့လား သိချင်လို့ပါ"

"တူတူပဲကို"

"ထားပါ ဒီနေ့ ကျောင်းကိုမလာဘူး ဖုန်းလဲမဆက်ဘူး မင်းက"

မိမိဖုန်းမခေါ်တိုင်း သူကမခေါ် ရလောက်အောင် တုံးလှသည် မိမိလူကြီးကိုလဲ စိတ်ကောက်ချင်မိသည်

"ခဗျား ဆက်လို့ရတာပဲလေ "

အောင်သူရိန်ခန့် မေးလိုက် တော့ ရဲသွေးလဲ

"ငါဆက်မလို့ပဲ မင်းက မင်းက..."

ဖြေရမယ့် အဖြေကိုတောင် ထစ်နေသော မိမိလူကြီးအား သူရိန် တစ်ယောက် ဘာလုပ်လို့လုပ်ရမှန်းမသိတော့တာ ကြောင့် နည်းနည်းတော့ရစ်ရမည်ဟုတွေးလိုက်ကာ

"မဆက်ချင်လို့ပေါ့ အဖြေက ရှင်းနေတာပဲကို"

နှခမ်းစူကာပြောလာသော သူရိန်ကြောင့် ရဲသွေးလဲ

"Sorry ငါမရဲလို့"

"ဘာမရဲတာလဲ ဟိုနေ့ညမှာတော့ ကျွန်တော်မှာ ညပိုင်းကော ညသန်းခေါင်ကြီးကော ခဗျားက တကယ်ပဲ"

သူရိန်က ရန်တွေ့တဲ့ပုံဖြင့်ပြော နေတာကြောင့် ရဲသွေးလိုက် ခေါင်းကိုကုတ်ကာ

''မင်းပဲ တောင်းတာလေ ငါ မင်းကိုပြောတာပဲ "

"ခဗျားက ကျွန်တော့်ကိုလိုချက်လာအောင် လုပ်တာကို"

"ကဲထားကွာ ခုဘယ်လိုလဲ နေကောင်းလား အဆင်ပြေလား "

"ပြေလို့ ခဗျားရှေ့ ရပ်နေတာပေါ့ဗျာ တုံးလိုက်တာ"

"ဒါဆို ဆိုင်ကယ်ပေါ်တက်"

"ဟင် ဘာလို့လဲ"

"တစ်ခုခုလိုက်ကျွေးမလို့ ဘာစားချင်လဲ"

"အင်း...."

အောင်သူရိန်ခန့်လဲ ဘာစားရင်ကောင်းမလဲ အကြာကြီးစဥ်းစားနေရင်း တစ်ခုခုကို တွေးမိကာ

ZARN [SEASON 1] (Completed)Where stories live. Discover now