"စျာန်လင်းခေတ် ရော"
"မသိဘူးလေ သူ့အသင်းနေ့ဆိုတော့ ကျောင်းပတ်ပြီး အမှိုက်ကောက်နေမှာပေါ့"
"ဟာကွာ တောက်!!"
ကျောင်းနောက်ဆုံးချိန် P.T ချိန်မို့ ကျောင်းသားများအားလုံး အတန်းထဲတွင် ဟေလားဝါးလား လုပ်နေကြလေသည်
မာန်ဝင့်ထည် Toilet ကပြန်လာလာချင်း ရဲသွေးပြောလိုက်တဲ့စကားကြောင့် စိတ်တော့ပူမိသွားလေသည်
အမြဲလိုလို အငြိမ်မနေပဲ ခုန်ပေါက်နေတဲ့ကောင်လေးက အခုအရင်လိုနေလိုမရတော့သည်မဟုတ်ပါလား
အခုက စျာန်လင်းခေတ် ကော သူနဲ့ အသင်းမတူတဲ့ သူ့သူငယ်ချင်းသုံးယောက်ပါ ပျောက်နေတာမို့ လေးယောက်ပေါင်းလောင်းကျော် လုပ်နေမှာလဲစိုးရိမ်ရလေသည်
အစစအရာရာ ဂရုစိုက်ပေးဖို့ မိမိမှာတာဝန်ရှိတာမို့ အတန်းပြင်သို့ထွက်ခဲ့လေတော့သည်
******
"စျာန် အရမ်းကြီးပြေးမနေနဲ့ဦး မင်းဗိုက်ထဲမှာ ကလေးလေးနဲ့ကို"
"မင်းကလဲ ကွာဘာမှမဖြစ်ပါဘူး "
အမှိုက်ကို ကုန်းလိုက်ကွလိုက် ပြေးကောက်လိုက်နှင့် အလုပ်ရှူပ်နေသော စျာန်လင်းခေတ် ကို အောင်သူရိန်ခန့် သတိပေးရလေသည်
"အာ..ဒါနဲ့ သူရိန် ဟို ကွင်းပြင်ဘက်သွားရအောင်"
"OK"
စျာန်လင်းခေတ် စကားကြောင့် လေးယောက်သား ကျောင်းကွင်းပြင်ဘက်သို့ထွက်လာခဲ့ကြလေသည်
ကျောင်းကွင်းပြင်တွင် ညနေပိုင်းတက်မဲ့ အလယ်တန်းကျောင်းသားများ ဘောလုံးကန်နေကြတာမို့ လေးယောက်သာ ဟောခန်းအရှေ့က လှေကားထစ်လေးတွေတွင် ထိုင်လျက်
ကျောင်းကွင်းပြင်ကြီးအား ငေးကြည့်နေမိသည်"ငါတော့ မယုံနိုင်ဘူး မင်းချစ်သူရေ ဒီကောင် ကိုယ်ဝန်တွေပါရနိုင်တယ်လို့"
"အေးလေ စျာန် ပြီးတော့လေ မင်းဒီကိစ္စကို ငါတို့ကလွဲပြီး ဘယ်သူ့မှ လျှောက်မပြောနဲ့နော် တော်ကြာ မင်းအတွက် အန္တာရယ်များတယ်"
YOU ARE READING
ZARN [SEASON 1] (Completed)
Romanceမာန်ဝင့်ထည် + စျာန်လင်းခေတ် Warning - Male pregnant Fic 🔞🔞 Season 2 က သာသာ့ Stories ထဲမှာ "Zarn" ဆိုတဲ့ နာမည်လေးနဲ့ တင်ထားပါတယ်နော် ဤFic တွင်ပါဝင်သော အကြောင်းရာများသည် စာရေးသူ၏ စိတ်ကူးသာဖြစ်သည်..မည်သူမည်ဝါ ကိုမှ ထိခိုက်လိုစိတ်မရှိပါ