Episode 23
ကျွန်တော်တို့ ဆက်ဆံရေးတွေ ဘယ်လိုအနေထားမှာပဲဖြစ်ဖြစ် ကျွန်တော် စျာန်လင်းခေတ် ကိုအရမ်းလိုအပ်ပါတယ်
သူ့အတွက်ကတော့ မာန်ဝင့်ထည် ဆိုတဲ့ ကောင်က လိုအပ်ချက်မှလိုအပ်ပါလိမ့်မယ်
ကျွန်တော်အတွက်ကတော့ သူ့ကိုရင်ခွင်ထဲမှာပွေ့ပြီး လေတိုက်ရင်း သစ်ရွက်တွေကြွေတာ
ကြယ်ကြွေတာက အစ သူ့ကိုအစဆုံးပြောပြချင်ခဲ့ သူဖြစ်နေမိလို့လေစစ်သူရ ဆိုတဲ့ကောင်လွတ်လာပြီးနောက်ပိုင်း
တဖြည်းဖြည်း စျာန်လင်းခေတ် ကို အဆက်သွယ်ဖြတ်လာခဲ့တာပါ
တချိန်က ကိုယ်နဲ့မဆိုင်တဲ့အမှားတစ်ခုက
ယခုချိန်မှာ ကိုယ်နဲ့လာနွယ်တာကြတော့
မတတ်နိုင်တော့ပါ ဒါကြောင့် သီရိနွယ်ကို တစ်လပြည့်ရည်းစားဖြစ်တဲ့ အနေနဲ့ လက်စွပ်ကလေးတစ်ကွင်းလက်ဆောင်ပေးခဲ့ပါတယ်
ဒါက သူကိုချစ်တာတွေထက် အဓိကက စစ်သူရ ဆိုတဲ့ကောင် စုံစမ်း ရင် ကျွန်တော်အတွက်အရေးပါတဲ့ သူဆိုတာ သီရိနွယ်ဆိုတဲ့ မိန်းကလေးကိုပဲ ပေးသိစေချင်တာမို့ဖြစ်သည်မြင်မြင်ချင်းအချစ်ကို မယုံတတ်သော ကျွန်တော်သည် စျာန်လင်းခေတ် ဆိုသော ကောင်လေးနှင့်တွေ့မှ အရာအားလုံးအရှူံးပေးခဲ့ရတာအမှန်ပင်
တနေ့တနေ့ မြင်တွေ့နေရတဲ့ ဒီလူသားလေးရဲ့ ချစ်စရာအပြုမူ စိတ်နေသဘောထား တဖြည်းဖြည်းနှင့် မမြင်ရရင် မနေနိုင်သည့် အချစ်စက်ကွင်းထဲကို ကျွန်တော်တော့ကျရောက်သွားပါပြီ
စျာန်လင်းခေတ် ကတော့ ကျွန်တော်အမေပြီးရင် ကျွန်တော့်ကိုအနွေးဓာတ်ပေးနိုင်တဲ့ ပထမဆုံးလူသားလေးပါပဲ******
" မင်းလိုချင်တာဘာလဲ စစ်သူရ"
မာန်ဝင့်ထည် ရဲ့မေးခွန်းကြောင့်
တစ်ဖက်ဖုန်းက ကောင်က လှောင်ရယ်ဖြင့် ရယ်လိုက်ကာ"ဟားးး ဘာလဲ မာန်ဝင့်ထည် မင်းကြောက်သွားတာလား ငါ့ကိုထောင်ထဲ ချောက်ချပြီးပို့ခဲ့ပြီးတော့"
"အခုချိန် မင်းဘက် က ငါ့အပေါ်ဖြစ်နေတဲ့ ဒေါသတွေကို သိချင်ဖို့ ငါ့မှာအချိန်မရှိဘူး စစ်သူရ
မင်းလိုချင်တာဘာလဲ ဆိုတာပဲပြောပေး"
YOU ARE READING
ZARN [SEASON 1] (Completed)
Romanceမာန်ဝင့်ထည် + စျာန်လင်းခေတ် Warning - Male pregnant Fic 🔞🔞 Season 2 က သာသာ့ Stories ထဲမှာ "Zarn" ဆိုတဲ့ နာမည်လေးနဲ့ တင်ထားပါတယ်နော် ဤFic တွင်ပါဝင်သော အကြောင်းရာများသည် စာရေးသူ၏ စိတ်ကူးသာဖြစ်သည်..မည်သူမည်ဝါ ကိုမှ ထိခိုက်လိုစိတ်မရှိပါ