Episode 34
အချိန်အားဖြင့် ညဘက် ၈နာရီခွဲ
"သားလေးရေ "
စျာန်လင်းခေတ် စာကြည့်စားပွဲပေါ်တွင် စာကြည့်နေတုန်း အမေဖြစ်သူ ရဲ့ ခေါ်သံအားကြားလက်ရလေသည် ထိုသို့ခေါ်သံမှာ တခြားကြောင့်မဟုတ်ပဲ တစ်ခုခု ခိုင်းစရာ ရှိနေသော အချိန်တွင် သုံးသော နာမ်စားဖြစ်တာမို့
"ပြောလေ ဘာခိုင်းမလို့လဲ အမေ"
ထိုအခါ အမေဖြစ်သူက မိမိအခန်းဝတွင်လာရပ်ကာ
"ဟိုလေ အမှိုက်ထုပ်လေး သွားပစ်ပေးမလားဟင်
ပုံမှန်ကဘာမှမဖြစ်ပေမဲ့ မနက်က ကြက်အူတွေက မနက်ဖြန်ထိထားရင် အရမ်း နံနေမှာ သားလေးရယ် "
မိမိရဲ့ မာတာမိခင်ရဲ့ ချွဲနွဲ့ပြော သံကြောင့် စျာန်လင်းခေတ် လဲ အမှိုက်ပစ်ဖို့ ရွေးရတော့မည်
"ဟုတ်ပါပြီ ပြီးရော"
"မင်းကလဲကွာ မနက်ကျ ငါသွားပစ်လို့ရတာကို သားက စာကြည့်နေတယ်လေ"
အဖေဖြစ်သူကပါ မိမိအခန်းဝလာရပ်ကာ မိမိရဲ့မာတာမိခင်အား နောက်နေ့မနက်ပစ်ရန် နားချလေသည်
"အမလေး အဖြစ်သည်း နေလိုက်တာ ဒီသားအဖနှစ်ယောက်နဲ့တော့ အမှိုက်လေးပဲ ပစ်ခိုင်းတာပါ အဖေကြီးရယ်
ပြီးတော့ ကြက်အူတွေမို့လို့ပါနော် လေးလဲမလေးပါဘူး"
"ဘယ်လောက်ပဲနံပါစေလေ ကွာ မနက်ကျ ကိုယ်ပစ်လိုက်လို့ရတာပဲ မှောင်လဲမှောင်နေပြီ အမှိုက် ပစ်တဲ့နေရာက လမ်းမဘက်ထွက်ရတာကို
ကားတွေနဲ့"
မိမိရဲ့ မိဘနှစ်ပါးကြောင့် စျာန်လင်းခေတ် လဲ ထိုကြားထဲဝင်လိုက်ကာ
"ဟိုး ဟိုး တော်ပြီ တော်ပြီ သွားပစ်ပါ့မယ် မေမေရယ် ဖေဖေ့ကိုလဲ စိတ်ကောက်မနေပါနဲ့ "
ထိုအခါ ဒေါ်ခင်မြရီက ဦးနေလင်းခေတ်အာူ မျက်စောင်းထိုး လိုက်ကာ
"ဟွန့် သားအဖနှစ်ယောက်ကတော့လိုက်ကိုလိုက်တယ်"
ပြောကာ TV ရှေ့သို့ထွက်သွားလေတော့သည်
YOU ARE READING
ZARN [SEASON 1] (Completed)
Romanceမာန်ဝင့်ထည် + စျာန်လင်းခေတ် Warning - Male pregnant Fic 🔞🔞 Season 2 က သာသာ့ Stories ထဲမှာ "Zarn" ဆိုတဲ့ နာမည်လေးနဲ့ တင်ထားပါတယ်နော် ဤFic တွင်ပါဝင်သော အကြောင်းရာများသည် စာရေးသူ၏ စိတ်ကူးသာဖြစ်သည်..မည်သူမည်ဝါ ကိုမှ ထိခိုက်လိုစိတ်မရှိပါ