Episode 15

2.9K 94 13
                                    

Episode 15

မနေ့ကမိုးမိထားသောဒဏ်ကြောင့် ဒီနေ့မနက်ကတည်းကစ၍ မာန်ဝင့်ထည် ဖျားနေသည်
မနေ့ကတစ်နေ့လုံးအကောင်းကြီးကနေ ဒီနေ့မှ
ရုတ်တရက် ကိုယ်လက်မအီမသာ ကိုယ်လက်တွေနာပြီး ချမ်းစိမ့်စိမ့်ဖြစ် နေတာကြောင့် တုက်ကွေးမှန်းသိလိုက်သည်

ရဲသွေးနဲ့အားမာန်က ပိတ်ရက် အိမ်ပြန်ကြတာ ခနနေမှပြန်ရောက်ကြမည်ဖြစ်တာကြောင့် အခန်းထဲတွင် ခုနက တီလေးရဲ့ဆရာဝန် ပေးတဲ့ဆေးလေးကို သောက်ကာ ကွေးနေမိသည်
စိတ်ထဲတွင် တော့ ခုချိန်ဘေးနားမှာ အားပေးတဲ့သူရှိရင်ကောင်းမှာပဲ လို့တော့တွေးမိသည်

*********

Sunday နေ့ခင်း  ၂နာရီ

ဓားသုံးလက် ကျူရှင်လမ်းထိပ်တွက် စျာန်လင်းခေတ် တို့အဖွဲ့တို့စုဝေးနေကြသည်
ဒီနေ့ကျူရှင်ကပိတ်တာကြောင့် မနေ့တည်းက ကျူရှင် ကလူတွေစုပြီးအနီးနားက သာဓုကန် ဘုရားသို့သွားရန်တိုင်ပင်ခဲ့ကြသည်

အခု ကျူရှင်နားက ခန့်မင်းဝေ တို့ ခြံထဲ တွင်
လူစုနေကြပီဖြစ်သည်

"စျာန် မင်းဒီနေ့သေချာလုပ်ခဲ့နော်"

မင်းချစ်သူ ရဲ့ အားပေးစကားကြောင့် စျာန်လင်းခေတ် ရင်တော့တုန်နေမိသည်

အမှန်က သူ ဒီနေ့ သီရိနွယ်ကိုအရဲစွန့်ပြီးဖွင့်ပြောမယ့်နေ့ပါ
အခုကသူ့မှာပြိုင်ဘက်ရှိလာပြီဖြစ်တာကြောင့် နှစ်တွေအများကြီး သူ့ခံစားချက်တွေချုပ်ထိမ်းခဲ့သမျှ ဒီနေ့တော့ဖွင့်ပြောမှရမည်ဖြစ်သည်
မဟုတ်ရင် ဟိုလူနောက်ပါသွားမှာမလား....

စျာန်လင်းခေတ်  အောင်စိုးပိုင် နဲ့မင်းချစ်သူအားဖက်လိုက်ကာ

"ငါ့ကိုနွယ်လက်ခံရင်ကောင်းမှာပဲ"

"လက်မခံလဲ သူငယ်ချင်းအတိုင်းပဲဆက်သွားဖို့ကွာ ပြီးတော့ သူပေးတဲ့အဖြေကို သေချာလက်ခံနိုင်ဖို့စိတ်ဆုံးဖြတ်ထားနော်"

"ဟော ဟိုမှာ မင်းချစ်သူလောင်းလေး သီရိနွယ်လာပြီ"

အောင်စိုးပိုင် စကားကြားတော့ စျာန်လင်းခေတ် ခြံရှေ့ကိုငေးကြည့်မိလိုက်သည်

ZARN [SEASON 1] (Completed)Where stories live. Discover now