Episode 41 Part 1

1.5K 54 1
                                    

စျာန်လင်းခေတ် မိမိလူကြီး ကျောင်းစတက်သည့် အချိန်ကတည်းက ယခုစာသင်ချိန် ၂ချိန်ဖြင့်ပြီးတော့မယ် မျက်နှာလုံးဝမကောင်းတာကို ရိပ်မိလာသည်

ယခင်ကဆို ဒီအချိန်အနောက်ကနေ မိမိဆံပင်လေးများအား လေမှုတ်လိုက် ခုံအောက်ကနေ ကလိထိုးလိုက် စနေကျ ဖြစ်သော မာန်ဝင့်ထည် သည် မနက်ကတည်းက မျက်နှာမကောင်းတာကြောင့် စျာန်လင်းခေတ် လဲ ရင်ထဲ  ဟာတာတာဖြစ်နေလေသည်

ယခုလဲ မိမိအနောက်ဘက် ခနခနလှည့်ကြည့်နေတာကို လျစ်လျူပြု ကာ စာအုပ်ကိုပဲ ကြည့်နေလေသည်

စိုပြေမင်းခန့် ပြန်ရောက်တဲ့ သတင်းကြားသွားတယ်နှင့်တူပါသည် မိမိလူကြီးမှာ အရင်ကလို အဖြစ်မျိုးထပ်ဖြစ်မှာ ကြောက်လို့များလား

စာအုပ်ကို အသက်မပါပဲ ကြည့်နေသည့်ပုံမှာ
မိမိမြင်နေကျ မာန်ဝင့်ထည် ဆိုသော လူကြီးနှင့်မတူတော့ပေ

စျာန်လင်းခေတ် လဲ မုန့်စားကျောင်းဆင်းမှ မိမိလူကြီးအား ချော့ရမည်ဟု ဆုံးဖြတ်ကာ ရှေ့ဘက်သို့ ပြန်လှည့်ခဲ့လေတော့သည်

****

*Bell*

ကျောင်းဆင်းခေါင်းလောင်းထိုးတာနဲ့ ကျောင်းသားတွေအားလုံးသည် ဆရာမ အားနှုတ်ဆက်ပြီး မုန့်စျေးတန်းသွားဖို့ ရုတ်ရုတ်သဲသဲ ဖြစ်နေကြလေသည်

"စျာန် မင်းလူကြီး မျက်နှာမကောင်းဘူးနော်"

မင်းချစ်သူမှာ မိမိနားကပ်လာကာ တိုးတိုူလေူပြောလာတာလေသည်

"အင်း ငါသိတယ်"

"ဧကန္တ စိုပြေမင်းခန့် ရောက်လာတာများ သိသွားလို့လား"

"ဟိုလေ မင်းမင်း မင်းတို့ သွားနှင့်ပါ လား ငါ့အတွက်လေ လျှာကျွမ်းထိုး အစပ်...."

"အစပ်မစားနဲ့လို့ ကိုယ်ခဏခဏပြောတယ်နော် စျာန်လင်းခေတ် ကိုယ့်စကားကို  အလေးမထားတာလား"

အမှန်တကယ်တော့ စျာန်လင်းခေတ် ဒီအသံကြားရအောင် တမင် မင်းချစ်သူ အားပြောလိုက်ခြင်းဖြစ်သည်

"အဲ့တာဆို ခဗျားပဲလိုက်ဝယ်ပေးတော့"

စျာန်လင်းခေတ် လဲ နှခမ်းလေးစူကာပြောလိုက်တော့ မာန်ဝင့်ထည် မှာ  ထိုင်ရမှ ထလာကာ

ZARN [SEASON 1] (Completed)Where stories live. Discover now