Episode 12

2.5K 100 3
                                    

Episode 12

ကျောင်းပြန်တက်ရမယ့် တင်္နလာနေ့ မနက်
စျာန်လင်းခေတ် တို့၄ယောက် ဒီနေ့စောစောထွက်လာမိသည်
၂ပတ် နီးပါးလောက် ၆နာရီ ကျောင်းလာရတော့အကျင့်ဖြစ်သွားတယ်နဲ့တူသည်

၄ယောက်လုံး ကျောင်းကို ၆နာရီ မိနစ် ၂၀ ကတည်းက ရောက်နေပြီဖြစ်သည်

အတန်းသို့ရောက်တော့ လူတစ်ယောက်မှမရှိ တင်္နလာနေ့ အသင်းကျတဲ့ လိမ္မော်အသင်းကလူတွေတောင် မရောက်သေး
  အောင်စိုးပိုင်  ‌ကတော့ လိမ္မော်သင်းကျတာဖြစ်တော့ သူနဲ့အတူတူလာရင်း စောစောလာတာဆိုလဲ မှန်လိမ့်မည်

လွယ်အိပ်တွေကို ခုံပေါ်ချလိုက်ရင်း
မင်းချစ်သူ က စပြောလာသည်

"ငပိုင်တို့အသင်းကတော့ ဇွဲကောင်းတယ်ဟေ့ ၆ခွဲတော့မယ် လူတွေတောင်မရောက်သေးဘူး

ငါတို့ကိုတော့ ရေတွေကူမခပ်ခိုင်းနဲ့နော် မလုပ်ပေးနိုင်ဘူး"

ရွတ်နောက်နောက် ပြောနေသော မင်းချစ်သူအားအောင်စိုးပိုင်က မျက်စောင်းထိုး ကာကြည့်လိုက်၍

"တစ်နေ့မဟုတ်တစ်နေ့ မင်းလဲဒီလိုကြုံရမှာပဲကွာ တူတူပဲ ကို ငါလဲ ငါ့အလှည့်ကျ မင်းပြောသလိုလုပ်မှာနော်"

"ငါ့အသင်းကတော်သေးတယ် အစိမ်းသင်းဆိုတော့ ကြားနေပဲ မင်းတို့ လိမ္မော်အသင်းက ကျောင်းနှစ်ရက်ပိတ်ပြီးတက်သမျှ ဖုန်တွေရှင်းရတယ် စျာန်ကျတော့လဲ တစ်ပတ်လုံးပစ်သမျှ အမှိုက်တွေကို နောက်ဆုံးအချိန် ကျမှကောက်ရတယ် ဟားဟား"

စျာန်လင်းခေတ် ကတော့ ပြုံးချင်ပေမယ့် အသင်းခေါင်းဆောင်ဆိုတဲ့ ကောင်ကလွဲရင် တစ်သင်းလုံးကတော့ မိမိနှင့်အဆင်ပြေသည်

စိတ်ထဲတောင် သူ့အကြောင်းတွေးမိတုန်း အခုပဲကြည့် သူတို့၃ယောက် အတန်းထဲသို့ဝင်လာပြီဖြစ်သည် ထိုလူသည် မိမိကို ဝင်ကတည်းက စိုက်ကြည့်နေသည်

စျာန်လင်းခေတ် လဲ ထိုလူ့အကြည့်တွေကို မမြင်ချင်ယောင်ဆောင်ပြီးအကြည့်လွှဲလိုက်လေသည်

ထို့နောက် ထူးဆန်းတာက မိမိတို့ ခုံနောက်တွက် ဝင်ထိုင်တာပဲဖြစ်သည်
သူတို့ကသူတို့ ဘာသာထိုင်တာဖြစ်သော်လဲ ဒီခုံတန်းက အောင်သီဟတို့ခုံတန်းမဟုတ်ပါလား
ဒီလူတွေခုံက နောက်ဆုံးတန်း ၅တန်းမြောက်ခုံလေ

ZARN [SEASON 1] (Completed)Where stories live. Discover now