Episode 39

1.6K 61 1
                                    

"အမေ!"

စျာန်လင်းခေတ် အော်တားလိုက်သော်လဲ မမှီလိုက်ပါ မိမိနှင့်တူသော မိခင်ဖြစ်သူ ဒေါ်ခင်မြရီ သည် မိမိအတိုင်းကဲ့သို့ လက်ကမြန်လေသည်

*ဖြန်း*

"အန်တီမြ"

သီရိနွယ် လဲ ဒေါ်ခင်မြရီ လုပ်ရပ်ကြောင့် လန့်သွားမိလေသည်
မိမိမှာ ဒေါ်ခင်မြရီရဲ့ ဒေါသကြီးသော ပုံစံကိုမမြင်ခဲ့ဖူးပါ

"မင်းကိုခွင့်လွှတ်မှာ မဟုတ်ဘူး မောင်ရင်
နောက်ဆို အန်တီတို့ အနီးနားကိုတောင်မပေါ်လာပါနဲ့"

မာန်ဝင့်ထည် မှာနှုတ်ဆိတ်၍ သာ ဒေါ်ခင်မြရီရဲ့ စကားလုံးများအား နားထောင်နေမိသည်

"နင်လဲ လာ! နင်နဲ့က အိမ်ရောက်မှ ရှင်းမယ်!

ဒေါ်ခင်မြရီမှာ သားဖြစ်သူစျာန်လင်းခေတ်လက် အား အတင်းဆွဲကာ အိမ်ထဲသို့ ဝင်ဖို့ လုပ်လေသည်

"အမေ ဟို...သား"

"စျာန်လင်းခေတ်!!"

မိခင်ဖြစ်သူမှာ မိမိနာမည်အပြည့်စုံအားခေါ်ကာ မီးတောက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လာတာကြောင့် စျာန်လင်းခေတ် ခမျာ သူ့ ချစ်ရသူဘက်သို့ တချက်ကြည့်ကာ အဆင်ပြေရဲ့လားဟူသော အကြည့်ဖြင့်ကြည့်၍ မိခင်ဖြစ်သူ ဆွဲခေါ်ရာနောက် ပါသွားလေတော့သည်

မာန်ဝင့်ထည် ထိုနေရာမှာတင် ငေးကာ ကျန်နေခဲ့တော့သည်
မိမိမှာ စျာန်လင်းခေတ်ဆိုသော လူသားလေးရဲ့ အချစ်ကို ရထားတာမှမကြာသေး အခုထပ်ပြီး ဘာတွေဆက်ဖြစ်ဦးမလဲ ဆိုတာ တွေးပူမိနေသည်

********

"အမေ လွှတ်ပါ!!အာ့"

မိခင်ဖြစ်သူမှာ မိမိလက်အားဆွဲလာကာ အိမ်ထဲသို့ဝင်လာတော့ ဖခင်ဖြစ်သူ ဦးနေလင်းခေတ်လဲ TV ကြည့်နေရာမှ ထလာကာ
ထိုသားအမိနှစ်ယောက် ဆီသို့ ရောက်လာက

"ဘာဖြစ်တာလဲ အမေကြီးရယ် ဒေါကြီးမောကြီး နဲ့"

ဦးနေလင်းခေတ်မေးခွန်းကြောင့် ဒေါ်ခင်မြရီမှာ စျာန်လင်းခေတ် ဘက်အားကြည့်လာကာ

"ရှင့်သားလုပ်ပုံကောင်းသေးရဲ့လားကြည့်ဦး"

"အမေကလဲ သားဘာလုပ်လို့လဲ "

ZARN [SEASON 1] (Completed)Where stories live. Discover now