Episode 8 Part 2

3.2K 91 1
                                    

" စျာန် ရယ် မင်းအဆင်ပြေရဲ့လား

စိုပြေမင်းခန့်တို့အဖွဲ့ Toilet သွားရင်းနဲ့ လမ်းတွင် လဲကျနေသော စျာန်လင်းခေတ် ကိုမြင်ခဲ့ခြင်းဖြစ်သည် ကျောင်းဆေးခန်းရောက်တော့ ဆရာမ က စိတ်ပူဆရာမလိုကြောင်းပြောမှသာ စိတ်အေးသွားရသည်
ဆရာမပြောတဲ့ထဲမှာ စိတ်ခံစားချက် အရမ်းများသွားတာကြောင့် ပြောတာပါသည်
စိုပြေမင်းခန့်သိသလောက် စျာန်လင်းခေတ်က ပျော်ပျော်နေတဲ့သောသူပင် ဘယ်သူနဲ့မှ ရန်ငြိုးမရှိ
အခုအဖြစ်အပျက်က ဘာကြောင့်လဲဝေခွဲတော့မရ
ညဘက်သိပ်မအိပ်ပဲ စာတွေပဲအရမ်းလုပ်လို့လား
မင်းကိုငါစိတ်ပူလိုက်တာ စျာန်ရယ်

စိုပြေမင်းခန့် စျာန်လင်းခေတ်ရဲ့မျက်နှာတွေကိုသေချာကြည့်မိသည်
သူ၂နှစ်တာမြတ်နိုးခဲ့ရသော ထိုကောင်လေးရဲ့မျက်နှာသည် သူ့မျက်လုံးထဲတွင် အလှဆုံး ပင်ဖြစ်သည်
စိုပြေမင်းခန့် စျာန်လင်းခေတ် ရဲ့လက်ကို ကိုင်လိုက်ကာ လက်ဖမိုးလေးအား ဖွဖွလေးနမ်းလိုက်ရင်းး

"စိတ်ချ မင်းဘာတွေကြုံခဲ့ရလဲတော့မသိပေမဲ့ အခုချိန်ကစပြီးမင်းဘေးနားငါရောက်အောင် မဖြစ်ဖြစ်အောင်လုပ်ရတော့မယ် စျာန်ရာ"

စိုပြေမင်းခန့် စျာန်လင်းခေတ် လည်ပင်းက ကိုက်ရာကို သူလဲကျကတည်းက မြင်ခဲ့ခြင်းဖြစ်သည်
ဒီအမှတ်သားက တော်ရုံ ကြောင့်မရတာ သူသိသည် သူလဲအတွေ့ကြုံမရှိသူတော့မဟုတ်ပါ

"အင်း....ဟင့်"

ငြီးသံနဲ့အတူ မှိတ်နေသော မျက်လုံးလေးများလှုက်လာသည်

"စျာန် မင်းနိုးလာပြီလား"

စျာန်လင်းခေတ် မျက်လုံးပွင့်ပွင့်ခြင်းတွေ့လိုက်ထတာက စိုပြေမင်းခန့် ပင် သူမှတ်မိသလောက်တော့ သူ Toilet သွားတဲ့လမ်းမှာ ရုတ်တရက် မူးလာ၍ လဲကျသွားတာပဲဖြစ်သည်

စျာန်လင်းခေတ် လှဲနေရာမှဖြည်းဖြည်းချင်းထလိုက်ကာ

"စိုပြေ ဘယ်အချိန်ရှိပြီလဲ မင်းက ဘယ်လိုလုပ်ငါ့ဘေးနားရောက်နေတာလဲ"

"ငါ Toilet သွားတဲ့လမ်းမှာ မင်းလဲကျ နေတာတွေ့လို့ အစက ကွာ မြွေများဘာများကိုက်တာလား စိတ်ပူ ရတာကွာ ဒီရောက်မှ stress ပိပြီး လဲကျ တာတဲ့"

ZARN [SEASON 1] (Completed)Where stories live. Discover now