Episode 54 🔞

4.6K 66 3
                                    

"တကယ် စျာန်လင်းခေတ် မှာ ကိုယ်ဝန်ရှိသွားတာလား"

"ဟုတ်တယ်လို့ နင်ကလဲ"

သိနေပြီးသားဖြစ်သော အဖြေကို ထပ်ခါ ထပ်ခါမေးနေသော စိုပြေမင်းခန့် အား သီရိနွယ် စိတ်မရှည်တော့ပေ

"အာ....ဒါနဲ့ နင့်ရဲ့ Model ကိစ္စကော ဘယ်လိုလဲ အဆင်ပြေလား"

"အင်း ပြေပါတယ် ခုနကတောင် အဲ့လူနဲ့ စကားပြောနေတာလေ စာချုပ်ချုပ်ဖို့ကိစ္စ.."

ဒီကြားထဲကာလတွေမှာ သီရိနွယ် နှင့် စိုပြေမင်းခန့် တို့ ပိုပိုပြီး ရင်းနှီးလာကြသည်
တစ်ယောက်အကြောင်းတစ်ယောက် တိုင်ပင်သည် ထိကို ခင်မင်ကြလေသည်

"Aww... အင်းပါဟာ ဒါနဲ့လေ စိုပြေမင်းခန့် .."

သီရိနွယ် သည် မိမိရဲ့ မျက်လုံးများအား ငေးကာမေးလာသည့်ပုံမှာ အလေးနက်မေးခွန်းကို မေးမည်ဟန်ကို ဖော်ပြနေလေသည်

"အင်း ပြောလေ"

"နင် စျာန့်ကို ချစ်နေသေးတာလား"

"....."

စိုပြေမင်းခန့် ခေတ္တ နှုတ်ဆိတ်မိသွားသည်မှာ အမှန်ပင်
တကယ်တော့ စျာန်လင်းခေတ် ကို ချစ်သေးတာ မချစ်တော့တာထက် မာန်ဝင့်ထည် ကိုအနိုင်ပိုလိုချင်သည်မဟုတ်ပါလား

အနည်းဆုံးတော့ မိမိခံစားခဲ့ရသလို မာန်ဝင့်ထည် ဆိုတဲ့ ကောင်ကို တစ်ခါလောက်တော့ ပြန်ခံစားစေချင််မိသည်

သီရိနွယ် မှာ နှုတ်ဆိတ်နေသော မိမိ မျက်ဝန်းများအား ကြည့်လာ၍ ပြုံးလိုက်ကာ

"ငြိမ်နေတယ်ဆိုတာ ဝန်ခံခြင်းပဲတဲ့ နင်ချစ်နေသေးတာပဲ"

"ဟက် နေပါဦး ငါ့ကိုကျမေးတယ် နင့်ကကော မာန်ဝင့်ထည် ဆိုတဲ့ကောင်ကိုချစ်နေတုန်းပဲမလား"

မိမိမေးခွန်းဆုံးသည်နှင့်အတူ သီရိနွယ် မှာ အချိန်ခေတ္တမျှသာ စဥ်းစား၍  ခေါင်းကို ညိမ့်လိုက်ကာ

"အင်း ဒါပေမယ့် နောက်ပိုင်း သူ့ထက်သာတဲ့သူကိုတွေ့လာရင်တော့ မပြောတတ်ဘူးလေ
ဟုတ်တယ်မလား"

"အင်းပါ ဟုတ်ပါပြီ"

"နင် ပြန်တော့လေ နောက်လဲကျနေပြီ "

ZARN [SEASON 1] (Completed)Where stories live. Discover now