Episdoe 49

1.8K 48 5
                                    

မာန်ဝင့်ထည် ခြံရှေ့တွင်ရောက်နေတာ 5 မိနစ် ဝန်းကျင်ရှိနေပြီ

ဖုန်းခေါ်သော်လဲ ဖုန်းမကိုင်သောကြောင့် မာန်ဝင့်ထည် စိတ်မရှည်တာနှင့် ခြံထဲ သို့သာ ကောက်ဝင်လိုက်ချင်တော့သည်

ခြံရှေ့က အုတ်ခုံလေးတွင် စောင့်နေရင်း လက်ထဲက မုန့်အိတ်ကလေးကိုကြည့်မိရင်းပြုံးမိသည် ကိုယ်တိုင်ဖျော်ကာ ဝယ်ထားလာသော Milo ဖျော်ရည်လေးနှင့် Chocolate Cake ကလေးတစ်လုံး
ဒီနေ့တော့ ကျူရှင်ဆင်းချိန် မတွေ့ရသဖြင့်
ကားပေါ်တွင်သာ Date လုပ်ဖို့သာ မာန်ဝင့်ထည် ကြံရတော့မည်

မိမိအတွက်ကတော့ Black Coffee အား Cake ဆိုင်ကနေ သာဝယ်ခဲ့လိုက်တော့သည်
နဂိုကတည်းက အချိုမကြိုက်သူမို့
အချိုနှင့်ပတ်သတ်သည့်အရာအားလုံးအား ကြိုက်တဲ့ သူအား ရည်းစားတော်ထားသည်မို့ မာန်ဝင့်ထည် မှာ အရာအားလုံးအလျှော့ပေးထားရသည်

ထိုအချိန်

မာန်ဝင့်ထည်  မိမိနှင့်မလှမ်းမကမ်းတွင် မိမိချစ်ရသူလေး လမ်းလျှောက်လာတာကိုမြင်လိုက်ရလေသည်  လမ်းလျှောက်သည့်ပုံမှာ မြောက်ကြွမြောက်ကြွနှင့် လျှောက်သည့်ပုံစံသည် လမ်းမီးရောင်အောက်မှာတောင် ထိုလူသားလေးမှန်းတန်းသိစေသည်

မာန်ဝင့်ထည် မိမိလူသားလေးအား ကြည့်ရင်းပြုံးနေသော်လဲ ဘေးက တစ်ယောက်ဆီကို အကြည့်ရောက်သွားတော့ စောနက မျက်နှာကအပြုံးများသည် ချက်ချင်းပင် ပျောက်ကွယ်သွားလေကာ မျက်မှောက်ကြုတ်မိသွားလေသည်

"အာ့ မျက်လုံး"

"အကောင်ဝင်သွားတာလား ခဏလေး ကိုယ်မှုတ်ပေးမယ်"

မာန်ဝင့်ထည် စိတ်ကိုဘယ်လိုပင် ဒေါသမထွက်အောင် ထိန်းချုပ် ထားသော်လဲ နောက်ကျသွားလေပြီ
စိတ်မြန်လွန်းတာကြောင့် အတွေးကိုမထိန်းချုပ်လိုက်မိခင်မှာပင် လက်ထဲက သောက်လတ်စ Coffee ဗူးနှင့် ဇိုင်းသီဟရှိန် ရဲ့နောက်ကျောအားလှမ်းပေါက်လိုက်လေတော့သည်

******

*Noti*

ထမြည်လာသော Viber မှ Message သံကြောင့် Alcus ဖုန်းအားဖွင့်ကြည့်မိလိုက်တော့

ZARN [SEASON 1] (Completed)Where stories live. Discover now