Episode 29 Part 2

2K 68 6
                                    

Episode 29 Part2

"မာန်ဝင့်ထည် မင်းဘယ်လိုလုပ်လိုက်တာလဲ ကြည့်ဦး ဒီကလေးနှစ်ယောက်ကို"

မာန်ဝင့်ထည် ထိုင်ခုံပေါ်တွင်လက်ပိုက် ကာ ဘာစကားမျှ မပြောပဲ ထိုင်နေတာကြောင့်

မေးနေတဲ့ ၁၀တန်းအတန်းမှူး ဒေါ် နန်းဧကရီလဲ ပို၍ ဒေါသထွက်လာလေသည်

"နင်တို့ ရန်ဖြစ်ရတဲ့အကြောင်းရင်းကဘာလဲ ငါ့ကိုပြောစမ်း"‌ေ

ထိုအခါ မျက်နှာတွင် ဖူးယောင်နေသော ထူးမြတ် က

"မသိပါဘူးဆရာမ သူက ကျွန်တော်တို့ကို ဘလိုင်းကြီး ဝင်ရိုက်တာ ပြီးရင် လက်နဲ့တောင် မဟုတ်ဘူး သူဝတ်ထားတဲ့ ဖိနပ်နဲ့

ပြီးရင် ကျွန်တော်တို့ကိုလဲ ထိုးသေးတယ် ဗိုက်တွေကိုရော အာ့.."

စကားပြောရင်း နာလာတာကြောင့် ထူးမြတ်နိုင် တစ်ယောက် ပြောနေသည့်စကားများပင်ရပ်သွား လေသည်

"မင်းတို့ ဟန်ဆောင် မနေနဲ့ ငါ ဆေးဖိုးပေးလိုက်မယ် မင်းတို့မိဘတွေ S ပေါက်တွေကိုပါ ငွေနဲ့ ပိတ်ပေးလိုက်မယ် အဲ့ချိန်ကျ မင်းတို့ ၂ကောင်ရဲ့ မိဘတွေ ဒီS လေသံ ထွက်နိုင်မလား ငါကြည့်မယ်"

မာန်ဝင့်ထည် မတ်တပ်ထရပ်ကာ မိမိရှေခုံက သူထူးစံနှင့် ထူးမြတ်နိုင်ဘက်အား လက်ညိုးထိုးကာပြောလိုက်တာကြောင့်

"မာန်ဝင့်ထည် !! မင်းရိုင်းလှချည်လား ဟမ်

မင်းက အကြီးလေ မင်းဒီလောက်ထိလုပ်ရအောင် မင်းနဲ့ သူတို့၂ယောက်ကြားမှာ ဘာတွေရန်ငြိုးရှိလို့လဲ"

"ဒီကောင်တွေ ကျွန်တော့်ကိုအရင်လာဆဲတာ ဆရာမ ဘာသိလို့လဲ "

"မာန်ဝင့်ထည် မင်း!!"

ထိုအချိန်တွင်

"ဆရာမ ဝင်ခွင့်ပြုပါ"

ဝင်ပေါက်နားက ကျောင်းသား၂ယောက်ရဲ့ ခွင့်တောင်းသံကြောင့် ဆရာမနှင့်အတူ မိမိတို့၃ယောက်ရဲ့ အကြည့်သည် ထိုကျောင်းသားဆီသို့ရောက်သွားလေသည်

"အေး သား စျာန် ဝင်ခဲ့လေ"

"ဟို ဟိုလေ ဆရာမ အတန်းချိန်မို့ အဲ့တာ.."

ZARN [SEASON 1] (Completed)Where stories live. Discover now