Episode 9

2.7K 99 15
                                    

"သေချာလို့လား မင်းတို့ကြားမှာ ဘာရန်ငြိုးမှ မရှိတာကျိန်းသေလို့လား"

မဖြေချင်တဲ့မေးခွန်းကိုခနခနမေးလွန်းသည့် မင်းချစ်သူနဲ့ အောင်စိုးပိုင်အား စျာန်လင်းခေတ် ဒေါသထွက်လာမိသည်

"ဟုတ်ပါတယ် ဆို မင်းတို့ကလဲ တကယ်ပြောတာ မင်းတို့ငါပြောတဲ့စကားကိုမယုံရင် ငါ့အိမ်ကိုဘာလို့ လာနေသေးလဲ"

ထိုအခါ မှ မင်းချစ်သူ လဲ စျာန်လင်းခေတ် မိမိတို့အားစိတ်ကောက်နေပြီဆိုတာသိတာကြောင့်

"အေးပါကွာ စျာန်ကလဲ ငါကမင်းမှာ လျို့ဝှက်ထားတာ တွေရှိတယ်ထင်လို့ပါ မင်းသိတဲ့အတိုင်းပဲ ငါတို့ က ဒီ၃ယောက်ပဲရှိတာ တစ်ယောက်နဲ့ တစ်ယောက်တော့ပွင့်လင်းသင့်တယ်လေ ဟုတ်တယ်မလား"

"အေးပါကွာ ငါလဲ မနက်ကဒေါသထွက်သွားလို့ပါ
ပြီးတော့မင်းပဲပြောထားတယ်လေ သူတို့ကိုကြောက်တဲ့ ပုံမလုပ်ပြရဘူးဆို သူတို့ကအရင်တုန်းက အနိုင်ကျင့်တဲ့သူတွေဆို"

စျာန်လင်းခေတ် မိမိတို့သူငယ်ချင်းတွေရဲ့ စိတ်ကိုပိုသိသည် အောင်စိုးပိုင် က တစ်ခုခုဆုံအယုံလွယ်ပေမယ့် မင်းချစ်သူက တော့ သေချာချင့်ချိန် စဥ်းစားပြီးမှ လုပ်တတ်သည် အခုစျာန်လင်းခေတ်ပြောတဲ့စကားကိုလဲ ယံုလောက်မယ်မထင်
ဘာပဲဖြစ်ဖြစ် အမှန်တိုင်းပြောရင် ပြသာနာတွေပိုကြီးမှာစိုးတာရယ် သူငယ်ချင်း တွေကြားမှာအနှိမ်ခံ ရမှာ စိုးသောကြောင့်ဖြစ်သည်

"အေးပါ ကျူရှင်ပဲသွားရအောင် ခနနေ မေမေပြန်လာရင် စက်ဘီးပျက်လို့ကျောင်းမှာထားခဲ့တယ်ပဲပြောနော်"

"အေးပါ"
"အေးပါ"

"ဒါနဲ့လေ စျာန် စိုပြေမင်းခန့် လေ"

မင်းချစ်သူရဲ့မေးခွန်းမှာ တဝက်တပြတ်

"ပြောလေ မင်းမင်း ဘာလို့လဲ"

"စိုပြေမင်းခန့် က မင်းအပေါ်ထားတဲ့ စိတ်ကိုသိတယ်မလား ဘာပဲဖြစ်ဖြစ် မင်းသူနဲ့သိပ်အရောမဝင်တာကောင်းမယ်"

"ငါသိပါတယ်ဟ ဒါပေမဲ့ သူလဲတစ်ချိန်တုန်းက ငါတို့သူငယ်ချင်းပဲလေ သူဘာပဲလုပ်လုပ် အခုက ငယ်ရာက ကြီးလာကြတာပဲ နားလည်ပေးလိုက်ပါကွာ"

ZARN [SEASON 1] (Completed)Where stories live. Discover now