Episode 41 Part 2

1.5K 50 4
                                    

အချိန်အားဖြင့် နေ့လည် ၁၂နာရီ ၁၅မိနစ်

ဒေါ်ခင်မြရီ ရာသီဥတု မိုးအုံ့မှိုင်းလာတာကြောင့် လှမ်းထားသော အဝတ်များကို ရုတ်ရန် ခြံထဲသို့ထွက်ခဲ့လေသည်
ခဏနေ သားဖြစ်သူပြန်လာတော့မှာမို့ ဒီကောင်လေးစားဖို့ ထမင်းလဲပြင်ပေးရဦးမည်

ယခုလက်ရှိကတော့
မူကြိုဆရာမ အလုပ်မှာလဲ မလုပ်ရတော့တာမို့
လောလောဆယ်တော့ အိမ်မှာ မှီခိုအဖြစ် သာရှိနေရသည်

အစတုန်းကတော့ သားဖြစ်သူ စျာန်လင်းခေတ် ၁၀တန်းပြီးရင် အနားယူဖို့ဆုံးဖြတ်ထားသော်လဲ ယခုက မထင်မှတ်ထားတဲ့ ကိစ္စတွေကြောင့်
စောစော အနားယူလိုက်ရလေသည်

ဒီကြားထဲ သီဟဝင့်ထည်ဆိုသော သူက မော်လမြိုင်က သူမ၏ မိဘဖြစ်သူများအား အကြောင်းကြားမှာကိုလဲ ကြောက်ရသေးသည်

သီဟဝင့်ထည် နှင့်ရတဲ့ ကိုယ်ဝန်ကို ဖျက်ချလိုက်ပြီးနော် စီစဥ်ထားတဲ့ မင်္ဂလာပွဲ နီးရာမှ
ချစ်ရသူ နေလင်းခေတ်နောက်ကို လိုက်ပြီး နှစ်ယောက်သား ရန်ကုန်သို့တက်လာခဲ့လေသည်

အခုနှစ်အတော်ကြာ မိမိ မိဘများအား မဆက်သွယ်ခြင်းမှာလဲ အခုထိ မပြေနိုင်သေးတဲ့ မာနဆိုတဲ့ နာမ်စားလေးတစ်ခုကြောင့်ပဲပြောရမလားပင်

အခုချိန်မှာ အသနားဆုံးက ယောကျားဖြစ်သူ နေလင်းခေတ်ကိုပါ မိမိနှင့် ခိုးပြေးလာပြီးကတည်းက သာကေတမှ ရပ်ကွက်ကြားလေးတွင်နေကာ ရရာ ကျပန်းအလုပ်များကို လုပ်ခဲ့တာ အခုထိပင်

မိမိမှာလဲ ယခင်ကတည်းကမျှော်မှန်းချက်ကြီးသူမို့ ယောကျားဖြစ်သူပေးတဲ့ လစာတွေမှ စုစုထားပြီး မိမိလဲ ရပ်ကွက်ထဲတွင် ကျူရှင်ပြပေးသည့် ရငွေလေးဖြင့် နှစ်ယောက်အတူ ကြိုးစားလာခဲ့သည်မို့ အခုအခြေနေရောက်ခဲ့တာဟာ ဘယ်သူ့ဘယ်ဝါ ရဲ့အကူညီတစ်ခုမှ မပါခဲ့တာကြောင့် ကိုယ့်ကိုယ်ကို လိပ်ပြာလုံမိသည်

ဒါ့အပြင် စျာန်လင်းခေတ် ကအရွယ်ရောက်လာတဲ့အပြင် တစ်ချိန်ချိန်ကျရင် မိန်းကလေးတစ်ယောက်နှင့်သာ အမြန် အိမ်ထောင်ကျတာသို့မဟုတ် လူပျိုဘဝနဲ့သာ နေသွားစေချင်သည်

ZARN [SEASON 1] (Completed)Where stories live. Discover now