Unicode,
ဖူးသစ်စရင်ခုန်သံ မိုးဦးရာသီဆီသို့......
မိုးသာတိမ်လိမ့်များထူထဲနေသည့် ကောင်းကင်ပြင်သည် နေရောင်ခြည်မှာမူ မှိုင်းညို့ညို့သာ။လေငြိမ်နေသည့်ရပ်ဝန်းသည် ပျင်းရိစရာကောင်းသလို ထိုရာသီဥတုကိုမှသဘောကျနှစ်သက်သည့်သူများလဲရှိသည်။လင်းလင်းရှင်းရှင်းမြင်နေရသည့်ကောင်းကင်သည် မကြာခင်ပြိုကျလာတော့မည့်မိုးစက်များအတွက်ကြိုတင်ကာ မှောင်ရီပျိုးနေ၏။
' မိုးကလဲရွာရင်ရွာ မဟုတ်ရင်
လေတိုက်လဲတိုက်ပေါ့ကွာ ဗိုက်ကလဲဆာ
သင်္ချာဆရာမကြီးအဟောကောင်းလို့
အိပ်ငိုက်နေပါတယ်ဆိုကာမှ..''ကျိုးယွမ် တိတ်တိတ်နေလေ..'
စာသင်ခန်း၏ အနောက်တန်းမှ တိုးကြိတ်ကြိတ်ထွက်လာသည့် အသံသည်ကျောင်းသားများ၏အာရုံကိုမဖမ်းစားနိုင်လောက်အောင်တိုးလျသည်။ပျင်းတိပျင်းဆွဲငြီးငြူသံအဆုံး ဒေါက်ကနဲရောက်လာသည့် ဖောင်တိန်သည် ထို ကျောင်းသား၏နှဖူးနှင့် ကွက်တိထိမှန်သည်။
'လီကျိုးယွမ်!!..'
'ဗျာ!! တီချယ်..'
'ထွက်ခဲ့ ဒီတစ်ပုဒ်လာတွက်..'
ဆရာမ၏ခေါ်ဆိုမှုကြောင့် ဘာမှနားမလည်လိုက်သည့်သင်္ချာပုစ္ဆာအားထွက်တွက်ရန် စားရေးခုံ၏ထောင့်တွင်မှောက်လျက်ထားထားသည့်ပုံနှိပ်စာအုပ်အားကိုင်ကာ တစ်တန်းလုံး၏အရှေ့ စာသင်ခန်း၏stageခုံပေါ်သို့ တက်ကာ မတတ်တစ်ခေါက် ပုစ္ဆာအား ကျောင်းသားများနားလည်ရန် ရှင်းပြနေသည်။
'နောက်တစ်ခါအိပ်ငိုက်လို့ကတော့
အခန်းပြင်မှာမတ်တပ်ရပ်ရမယ် သွားတော့..'သတိပေးသံအဆုံး အနောက်တန်းသို့ တန်းနေအောင်ပြေး၏။တစ်အောင့်ကြာသည်အထိ ပုစ္ဆာများအားရှင်းပြနေသည့်ဆရာမသည် ကျောင်းခေါင်းလောင်းသံအဆုံး
ရောက်နေသည့်နေရာမှရပ်ကာ ကျောင်းသားများအားနှုတ်ဆက်ကာထွက်သွားသည်။ထိုမှ ကျောင်းသားများသည် အပျင်းကြောဆွဲသည့်သူကတစ်မျိုး ဟင်းကနဲသက်ပျင်းချသူကတစ်မျိုး စားရေးခုံပေါ်မှောက်ရက်အိပ်ချသွားသည့်သူကတစ်ဖုံစာသင်ခန်းသည် လှုပ်ရှားမှုပေါင်းစုံဖြင့် ပြန်လည်အသက်ဝင်လာသည်။