Part 20♡

412 36 5
                                    


Unicode;

ကားဂိတ်ဝန်းအတွင်းတစ်ယောက်ယောက်ကိုစောင့်နေကျတဲ့ကောင်လေးနှစ်ယောက်ဟာ ဂိတ်ပေါက်ဝကိုတစ်မျှော်မျှော်ဖြင့်။ဘေးနားရှိအမျိုးသားကလဲ တစ်ယောက်ယောက်နှင့်ဖုန်းပြောနေသောကြောင့် ထိုကောင်လေးတို့ကိုဂရုမထားချေ။နှစ်ယောက်သားတိုးတိုး တိုးတိုးနှင့် ကြိတ်ပြီးပြောနေပုံကတစ်ခြားမည်သူ့ကိုမျှသိစေချင်ပုံမပေါ်။သို့သော် ဒိုင်ခံပြောနေသည့်ကောင်လေးက တစ်ခုခုကိုတွေ့၍ထင် ချက်ချင်းပဲပြေးထွက်သွား၏။

'မမ!!..'

'အယ် ကျိုးယွမ်..'

အထုပ်တွေနဲ့အမျိုးသမီးကိုတွေ့၍ ဝမ်းသာအားရပြေးဖက်လိုက်သည့်ကောင်လေးသည်ဘေးပတ်ဝန်းကျင်ကိုသတိထားမိပုံမတူ။သိပ်ကိုပျော်ရွှင်နေသည့်ကောင်လေးက ထိုအမျိုးသမီးကိုဖက်ထားရင်းနှင့်ပင်ဆိုလာသည်။

'ဒီကြားထဲကျွန်တော်မမကိုလွမ်းနေတာ..'

'လွှတ်အုံးကျိုးယွမ် ..'

'အယ် ဆောရီးမမ..'

ထိုမှဖက်ထားရာကနေခွာကာ ဂုတ်ကိုပွတ်၍ ရှက်ဝဲဝဲဆိုလာသည့်ကောင်လေးက ထိုအမျိုးသမီး၏မျက်နှာကိုခိုးခိုးကြည့်သေး၏။ဆံနွယ်အရှည်ကိုချထားကာ အနောက်ဘက်တစ်ဝက်စည်းနှောင်ထားသည့်အမျိုးသမီးက လွန်စွာလှပသည့်အထဲပါသည်။ပိန်ပိန်သွယ်သွယ်လေးဖြစ်ကာ မျက်ခမ်းစပ်အနားတွင် မှည့်သေးသေးလေးက ထိုအမျိုးသမီး၏အလှကိုပိုပြီးပံ့ပိုးပေးနေသယောင်။

မျက်စိလွှဲချင်စရာမကောင်းသည့်အလှမျိုးပင်။အသားအရည်ဝါဝါဝင်းဝင်းလေးက ထိုအမျိုးသမီးနှင့်မှလိုက်ဖက်နေပြန်၏။

'ကြိုဆိုပါတယ် ကျဲရွှမ်းအာ..'

'ကျေးဇူးပါနော် ရိပေါ်လေး
မျက်မှန်နဲ့ဖြစ်သွားတာပဲ..'

ကမ်းပေးသည့်ပန်းစည်းကိုယူကာထိုကောင်လေး၏ပါးဖောင်းဖောင်းကိုဆွဲညှစ်ပြီးဆိုလာသည့်အမျိုးသမီးကို အသည်းယားနေမှန်းသိသာ၏။မျက်မှန်အောက်ရှိမျက်ဝန်းမှေးမှေးလေးတွေမှိတ်ကျသည်အထိရယ်ပြသည့်ကောင်လေးက အလွန်ကိုချစ်ဖို့ကောင်းသည်။

After AllWhere stories live. Discover now